AI ပါလာမယ့် Qualcomm chip အသစ်

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

ဒီလိုလေ… anti-virus ဆိုပါစို့ ၊ လက်ရှိ အချိန်ထိက ရှိပြီးသား database နဲ့ တိုက်စစ်ပြီး ကာကွယ်ပေး နေသလို ၊ အမြဲ update ဖြစ်နေဖို့က virus လို လူ/ပရိုဂရမ် တွေနဲ့ anti-virus ဖက်က ပုဂ္ဂိုလ်တွေ နဲ့ က ကြောင်နဲ့ ကြွက်လိုပဲ အမြဲ အမှီလိုက်လိုက် ၊ သူက ကျော်တက် ငါက ကျော်တက် နဲ့ ကြားထဲက သုံးတဲ့ user တွေက ရင်တမမ…

ခု high end မိုဘိုင်းဖုန်းတွေမှာ ပါလာတဲ့ Qualcomm ရဲ့ Snapdragon Chip တွေ ၊ နောက်နှစ်လောက်ထဲမှာ အဆင့်မြင့်ဖုန်းတွေမှာ ပါလာဖို့ ရှိတဲ့ Snapdragon 820 ၊

အဲ့ဒီ chip ကျတော့ သမာရိုးကျ မဟုတ်တော့ဘူးဗျ။ Anti-virus ကုမ္ဗဏီတွေက ထုတ်တဲ့ database ကို မှီခို နေရတာမျိုး မဟုတ်တော့ပဲ chip ကိုယ်တိုင်က ဖုန်းမှာ ထည့်ထားတဲ့ app တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး သိပ် မင်္သကာ တာနဲ့ action ယူပေးတော့မယ့် Smart Protect technology ပါလာတော့မှာပါ။ သူက ကျွန်တော်ထင်တယ် ၊ သူ့ကိုယ်သူလည်း machine learning နဲ့ အဆင့်မြင့်နေမယ့် သဘောရှိတယ်ဗျ။ အမြဲစောင့်ကြည့် လေ့လာနေတော့ ဖုန်းအတွက် ၊ ကိုယ့် privacy အတွက် ပိုပြီး စိတ်ချရပြီပေါ့… Transformer ရုပ်ရှင်ထဲကလို အကောင်ပြောင်းသွားရင် တော့ မပြောတတ်ဘူး ခင်ဗျ..

🙂 😀

Source: Engadget, Qualcomm

Leave a Reply

Your email address will not be published. Required fields are marked *