Product Review – ROCK Mulite

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို …

ဒီလိုဗျ။ မီးအိမ် တို့ ဓာတ်မီးတို့ ဆိုရင် ကျွန်တော်က carzy …

ဒါ ၊ ငယ်ငယ်တုန်းက အဖိုးနဲ့ နေတဲ့ အချိန်များလို့ ထင်ပါ့ဗျာ။ ကျွန်တော့် အဖိုးက မီးအိမ်တို့ ဓာတ်မီးတို့ သိပ်ဝါသနာပါတာ။ အခုခေတ်မှ ပြန်ပြောင်း ပြောပြရရင် ၊ ဓာတ်မီးထိုးလိုက်ရင် spot ရတာနဲ့ ဖြာကျတာနဲ့ အဲ့ဒါလည်း ကွာသေးတယ် ၊ ရှေးခေတ် ဓာတ်မီးများ ပြောပါတယ်။

ဓာတ်မီးကို spot လိုချင်ရင် spot ရတဲ့ မီးသီးကို ပြောင်းထည့် ရတာလည်း ရှိသေးတယ်ဗျ။ ပြီးရင် ဓာတ်မီးထိပ်ကို လှည့်ပြီး စိတ်ကြိုက် spot ဖြစ်အောင် ချိန်ထား ၊ အိုုကေပြီ ဆိုရင် သုံးပေတော့ပဲ

မီးအိမ်ဆိုရင်လည်း ရေနံဆီ မီးအိမ် ၊ မီးစာလေးနဲ့ ရေနံဆီလေးနဲ့ ချိန်ပြီးရင် အပေါ်က ဖန်ပြောင်းလေး အုပ် ၊ ဒါက အခု Mulite လို စားပွဲတင်လေးပေါ့။ ဟော.. လက်က ကိုင်သွားမလား ၊ ဒါဆိုရင် ဖန်ပြောင်းကို သံချောင်း frame လေး ကာထားပြီး ဖန်ပြောင်းလည်း ပိုကြီး ၊ လက်ကိုင်ကိုင်းလည်း တပ်ထားတဲ့ ရေနံဆီ မီးအိမ်လည်း ရှိသေးတယ်။

ဒါတောင် လေထိုးရတဲ့ မီးအိမ် မျိုး ရှိသေး… ပြောရင် သိပ်များ နေမှာ ဆိုလို့ ၊ 😀 😛

ဒါတွေက လွန်ခဲ့တဲ့ နှစ် ၃၀ ဝန်းကျင်က ကျွန်တော်တွေ့ခဲ့ဖူးတဲ့ မီးအိမ်တွေပါ။

rk-speaker-lamp-2

ဒီ Rock တံဆိပ် Mulite မီးအိမ်ကို ကျွန်တော် ကိုင်ကြည့်လိုက်တာနဲ့ ငယ်ငယ်က အဖိုးက ထိုင်ပြီး သူ crazy ဖြစ်တဲ့ မီးအိမ်တွေ ၊ ဓာတ်မီးတွေ အကြောင်း ပြောပြနေတာ ကိုပဲ မျက်မိထဲ ပြန်မြင်ယောင် မိလာပါတယ်။ စိတ်ကူးထဲမှာ အဖိုး နဲ့ ဆုံဖြစ်ရင်း “တွေ့လား အဖိုး ရေနံဆီ မလို တော့ဘူး ၊ ရေဒီယို လည်း မရှိတော့ဘူး ၊ Bluetooth နဲ့ ချိတ်ပြီး သီချင်းတွေ နားထောင်လို့ တောင် ရနေပြီ” လို့ ကျွန်တော် ပြန်ပြောမိခဲ့ သလား ပါပဲ။

မီးအိမ်တို့ ၊ ဓာတ်မီးတို့ crazy ဖြစ်လို့ ဒီ ပစ္စည်း ကျွန်တော့် လက်ထဲ ရောက်တာနဲ့ စမ်းကြည့်ဖြစ်ပါတယ်။ ပထမဆုံးကတော့ အလေးချိန်ပေါ့ ၊ မီးအိမ်လို့ စိတ်ထဲ ထားပြီး ကိုင်လိုက်တော့ နည်းနည်း လေးသလို ရှိပါတယ်။ အော် speaker ပါသေးတာကိုးလို့ စဉ်းစားလိုက်တော့လည်း ၊ ဒီလောက် အလေးချိန်တော့လည်း ရှိမှာပါပေ့ါလေ။

Bluetooth ကို ဖွင့် ၊ music player နဲ့ ချိတ်ကြည့်တယ် ၊ အဆင်ပြေပါတယ်။ လွယ်လွယ်ကူကူပဲ ချိတ်လို့ ရတယ်ဗျ။ သီချင်းကတော့ အသံတော်တော်လေး ကောင်းတဲ့ အပြင် တော်တော်လေး ကျယ်အောင်လည်း ဖွင့်လို့ ရပါတယ်။ Speaker အသေးလေးတွေရဲ့ အသံလို မဟုတ်ပဲ တော်တော်ကို ခမ်းခမ်းနားနား ထွက်ပါတယ်။ ဒါကြောင့်လည်း speaker က weight ရှိတဲ့ သဘောပါ။

rk-speaker-lamp-8

ရေစိုခံတယ်ဆိုလို့ ကျွန်တော် လေ့လာကြည့်ပါတယ် ၊ (ရောင်းမယ့် ပစ္စည်းမို့ ရေတော့ မစွတ်ကြည့်ပါဘူးလေ 😀 😀 ) အဓိက port တွေ နေရာကို သေချာ ပိတ်ပေးထားတာ တွေ့ရပါတယ်။ Port တွေရဲ့ cap သာ သေချာ ပိတ်ရင် ၊ တခြားနေရာက ပျက်စရာ မရှိလောက်အောင် လုံပါတယ်။ (ရေထဲတော့ စိမ်လို့ မရဘူး ဗျ ၊ ကြိုပြောထားတာ)

rk-speaker-lamp-9

တခုုတော့ ရှိတယ်ဗျ။ ရေစိုပြီး သေချာ ပြန်မသုတ်ရင်တော့ speaker နေရာက သံချေး လိုက်လာ နိုင်ချေရှိတယ်။ (ထုံးစံကိုး) ကျန်တဲ့ အပိုင်းမှာတော့ သူ့ material က အတော်လေး ကောင်းပါတယ်။ အထူးသဖြင့် လက်ကိုင်ကို ကိုင်ရတာ စျေးပေါတဲ့ အရသာမျိုး မရှိဘူးပဲ ၊ အထူးသဖြင့် မီးအိမ် / speaker နဲ့ အဆက်တွေက သပ်ရပ်ပါတယ်။ သာမန် စျေးပေါတဲ့ ပစ္စည်းတွေဆို အဲ့လို အသေးစိပ်နေရာတွေမှာ ခိုကပ်ပြီလေ။

rk-speaker-lamp-10

rk-speaker-lamp-11

ခလုတ်တွေက touch တွေပါ။ Touch တွေ မို့ ခလုတ်ကြားတွေထဲက ရေစိမ့် မယ့် ပြသနာလည်း auto ကင်းသွားတာပေါ့ ၊ နှိပ်ကြည့် ၊ ပြု ကြည့် အဆင်ပြေပါတယ်။ တခုပဲ ၊ အသံ အတိုးအကျယ် ခလုတ်တွေက သီချင်း forward / rewind နဲ့ တွဲပေးတော့ အသားမကျသေးခင်တော့ နည်းနည်း ကြောင်တယ်ဗျ။ ဖိထားရင် volume ။ double touch ဆို forward / rewind ၊ အဲ့လိုပါ။

rk-speaker-lamp-12

မီးအိမ်အနေနဲ့ကတော့ ပြောစရာ သိပ်မရှိပေမယ့် ၊ ဒီ မီးအိမ်ရဲ့ ရည်ရွယ်ချက်က Night light ဆိုတော့ မီးပျက်လို့ ဒီတိုင်း ဖွင့်ထားတာမျိုး ၊ ညဖက် ညမီး အနေနဲ့ သုံးတာမျိုး အဆင်ပြေပေမယ့် ၊ ဒီမီးနဲ့ စာကြည့်မယ် ဆိုရင်တော့ အားစိုက်ရပါလိမ့်မယ် ခင်ဗျ။ စာကြည့်မယ် ဆိုရင်တော့ ဒီမီး တစ်ခုတည်း သုံးတာတော့ အားမပေးပါဘူးဗျာ။ (မီးအိမ်ကတော့ အားပြည့်အောင်သွင်းပြီး တောက်လျှောက်ထွန်းရင် ၁၀ နာရီ အထိ ၊ speaker ကတော့ ၆ – ၈ နာရီခံတယ်လို့ ဖတ်ရပါတယ်။ Charging time ကတော့ ၃ – ၄ နာရီပါခင်ဗျ)

ကျွန်တေ်ာ စဉ်းစားကြည့်တယ်လေ ၊ မီးပျက်လို့ ရေချိုးခန်းဝင်တာမျိုး ဆိုရင် ဒီ Mulite က အိုကေပဲဗျ။ ကြံဖန် စဉ်းစားတာ ၊ ရေချိုးလို့ ရေစိုမှာလည်း မပူရဘူး။ မီးလည်း လင်းတယ် ၊ သီချင်းလည်း နားထောင်လို့ ရတယ် ၊ ဘယ်လောက်ကောင်းလဲ…. !!! ဟိတ် … ရေချိုးတာ ကြာရင် အအေးမိမယ် …. 😀 🙂

အမှန်တော့ ကျွန်တော်တို့ နိုင်ငံမှာက outdoor sports တွေ မရှိလို့ပါ။ ဒီ ROCK Mulite က ဒီလို outdoor sports တွေ အတွက် အဓိက စဉ်းစား ထားပုံ ရပါတယ်။ Camping တို့ hiking တို့ fishing တို့ လို activity တွေသာ ဆိုရင်တော့ အတော်ကို အသုံးတည့်မှာပါ။ ခုတော့ ဒီလို activity တွေ မရှိတတ်တော့ သူငယ်ချင်း / မိတ်ဆွေတွေ အပန်းဖြေ ခရီးသွားတယ် ၊ beach မှာ ထိုင်မယ် ဆိုရင် တော့ တကယ်ကောင်းမယ်လို့လည်း စဉ်းစားကြည့်မိ ပြန်ပါတယ်။ ညဖက်မှာ ပင်လယ်လေလေးနဲ့ ၊ မီးအိမ်လေးနဲ့ ၊ သူငယ်ချငး်တွေ လိုက်ဆို ၊ အတူတူက ဖို့ သီချင်းလေးနဲ့ ၊ (beer လေးနဲ့ 😛 😀 )

rk-speaker-lamp-5

Review ကို ပြန်ခြုံငုံရရင်၊ တန်ဖိုးကတော့ မီးအိမ် အနေနဲ့ ဆိုရင် များသလို ရှိတာ မှန်ပါတယ်။ Bluetooth speaker တစ်လုံးထဲ အနေနဲ့ ဆိုရင်လည်း များသလို ရှိပါတယ်။ ဒါပေမယ့် Mulite – Music + Light ဆိုတဲ့ အတိုင်း activity အတွက်ပဲ ဖြစ်ဖြစ် ၊ ညရေး ညတာ အေးအေးလူလူ နားချင်ရင်ပဲ ဖြစ်ဖြစ် ၊ မြို့ထဲမှာ နေရင်း မီးပျက်ရင် ပဲ ဖြစ်ဖြစ် ၊ Music Speaker ရော Night light ပစ္စည်း ၂ ခုတွဲ အနေနဲ့ ဆိုရင်တော့ တန်ဖိုးနဲ့ မျှတတဲ့ ပစ္စည်း quality လို့ သုံးသပ် ချင်ပါတယ်။

ပစ္စည်းရဲ့ specification ကတော့ ဒီလိုပါ …

– Bluetooth music playback
– 3.5mm audio input interface
– TF card music playback (Mp3, WMA, WAV)
– music playback from computer with USB interface
– Frequency response: 20Hz-20kHz 3db
– Audio Max power: 5Wx1
– Max. power consumption: 1W
– built-in rechargeable lithium battery
– connect external USB DC 5V power source to charge
– charging time: approx. 3-4 hours
– continue music playback time: approx. 6-8 hours (with fully charged battery)
– continue night light: approx. 10 hours (with fully charged battery)
– LED indicator for Bluetooth/Aux.in/TF card/Power
– Water resistance level: IPX4
– Dimension: 190x107x95 mm
– Weight: 640g

ဝယ်ချင်တယ် ဆိုရင်တော့ အောက်က ပုံလေးမှာ နှိပ်ပြီး ဝယ်လို့ ရသလို 09 25 44 43 442 ကို ဖုန်းပဲဖြစ်ဖြစ် ၊ Viber နဲ့ ပဲဖြစ်ဖြစ် ဆက်သွယ်ပြီး ဝယ်လို့ ရပါတယ်။

Myanmar Lifestyle ပိုပြီး ကြိုးစားသွားပါဦးမယ်ဗျာ။ 🙂 😀

blog-ad-mulite

Leave a Reply

Your email address will not be published. Required fields are marked *