Pepsi ဖုန်းလေး သုံးမလား

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

နောက်နေတာ မဟုတ်ဘူးရယ် ၊ တကယ် ၊ အချိုရည် တံဆိပ် Pepsi လေ… အဲ့ဒီ Pepsi ဖုန်း လေး ။ အစကတော့ ဒီဖုန်းကို Pepsi က ကိုယ်တိုင်ထုတ်မလို သတင်းထွက်ပေမယ့် ၊ အခု Reuters က ပြောတာကတော့ Pepsi က တရုတ်ဖုန်းကုမ္ဗဏီ တစ်ခုကို ထုတ်ခိုင်းပြီး Pepsi တံဆိပ် တတ်မှာတဲ့ဗျ။

ဒါနဲ့ Pepsi က ဘာလို့ ဖုန်းထုတ်ချင်ပါလိမ့်…. သူ့ အနေနဲ့ ဖုန်းလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆိုတာလည်း သိပ်မဖြစ်နိုင် ၊ marketing အတွက်များ ဖုန်းထုတ်ပြီး ကံစမ်းမဲတွေ ဘာတွေများ နှိုုက်ပေးမလို့လား မပြောတတ်ဘူးလေ.. ဟဲဟဲ တွေးကြည့်တာ…

ဘာဘာညာညာ လောလောဆယ် မသိရသေးပေမယ့် ၊ လောလောဆယ် သတင်းထွက်ထားတဲ့ specs အရကတော့ ဖုန်းက 0.30 inch အထူ ၊ Android 5.1 Lollipop နဲ့ ၊ စျေးက ဒေါ်လာ ၂၀၀ ဝန်းကျင်မှာ 5.5inch 1080p display, 1.7GHz processor, 16GB internal storage, 2GB RAM နဲ့ 3,000mAh battery ဆိုပဲ။

ကင်မရာကတော့ နောက်က 13 megapixel ၊ ရှေ့က 5 megapixel.

blog-pepsi-phone-2

နာမည်တွေပဲ ကြီးမလား ၊ ဘာတွေ ဖြစ်ကြမလဲ….
နောက်မှ Pepsi ဖုန်းလေး ၊ Pepsi ဖုန်းလေးနဲ့ ဟိုလေးကျော်ကျော်များ ဖြစ်လာလေမလား …

🙂 😀

Source: Mashable

ဟိုး…. အပေါ်ဆုံးက ပုံက သတင်းလှအောင် လံကျုတ်ထားတဲ့ ပုုံသာဖြစ်ပြီး ၊ Pepsi ဖုန်းရဲ့ ပုံ အစစ်မဟုတ်ကြောင်းပါဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *