တရား ပြန်စွဲပစ်မှာ …

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဆြာတို့ ၊ ဆြာမတို့ … ကြည့်လုပ်ကြနေ်ာ။ ကိုယ့် သား ၊ သမီးလေး ချစ်စရာ လေး …. ကိုယ့် တူ ၊ တူမလေး ချစ်စရာ လေးဆိုလို့ ဒီတစ်ပုံ ၊ ဟိုတစ်ပုံ ၊ သားသားလေး ရေချိုးနေတုန်းပေါ့ ဆိုပြီး တစ်ပုံ လုပ်တတ်ဆို ကြပ်ကြပ် သတိထားပေတော့ … နောက်ဆို ကလေးတွေက သူတို့ အလိုမပါပဲ သူတို့ ပုံတွေ တင်ပါတယ် ဆိုပြီး အသက်ကြီးလာတဲ့ အခါ တရား ပြန်စွဲတော့မှာ။

blog-babies-suing-their-baby-mamas-796x538

ဂယ်ပြောတာ ၊ ခုု ပြင်သစ်မှာ ပြဌာန်းတဲ့ privacy law အရ ၊ အကယ်၍ ကလေးက ကိုယ့်ပုံက သိပ်ပြီး ပေါ်လွင်လွန်းတယ် ၊ မကြိုက်ဘူး ၊ အသက်ကြီးမှ ပြန်ကြည့်ပြီး မေကြီး ကလည်း ဒီပုံကို ဖေ့ဘွတ်ပေါ် တင်ခဲ့ရသလား ဆိုပြီး ဇွတ်အတင်း စိတ်ဆိုးရင် တရားစွဲလို့ရပါတယ် တဲ့ဗျာ။ နောက်ဆက်တွဲကတော့ အခြေအနေပေါ်လိုက်ပြီး ဒဏ်ငွေ €45,000 အထိ ၊ ဒါမှ မဟုတ် ထောင်ဒဏ် ၁ နှစ် အထိ ကျခံ နိုင်ရချေ ရှိပါတယ်။

“မကြာခင် နှစ်အနညး်ငယ် အတွင်းမှာ ကလေးတွေ အနေနဲ့ ့ငယ်စဉ်က ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဖေ့ဘွတ်ပေါ်တင်ထားခဲ့တဲ့ အတွက် မိဘတွေကို တရားခွင်ကို ခေါ်လာလို့ ရတော့မှာပါ။ ငယ်ရွယ်တဲ့ ကလေးတွေအချို့ အနေနဲ့ ဓာတ်ပုံ မရိုက်ခံ ချင်တဲ့ ၊ အထူးသဖြင့် အွန်လိုင်းပေါ် မတင်စေချင်တဲ့ အခြေအနေတွေ ရှိတတ်ကြပါတယ်” လို့ အင်တာနက် ဥပဒေ နဲ့ ကျင့်ဝတ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် Eric Delcroix က ပြောထားပါသေးတယ်။

ဒါကြောင့် ဆြာတို့ ၊ ဆြာမတို့ ၊ နောင်များ ကလေးတွေကို ဓာတ်ပုံတွေ စွတ်စွတ်ရိုက်ပြီး လာထား share ဦးမယ်ဆိုရင် ကြပ်ကြပ်သာ သတိထားပေတော့ … 😛 😀

Source: Guardian via thenextweb
Photo: thenextweb

Leave a Reply

Your email address will not be published. Required fields are marked *