Note 7 ပြန်သိမ်းတာနဲ့ ပတ်သက်လို့တော့

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Note 7 ဂယက်ကတော့ အတော့ကို တိုက်ခတ်နေပြီ ခင်ဗျ။ ဒီမနက်ပဲ သတင်းမှာ တွေ့လိုက်တာ အမေရိကန် တစ်နိုင်ငံတည်းမှာတင် Note 7 battery ပေါက်ထွက်မှုပေါင်း ရ၀ ရှိပြီးပြီ ဆိုပဲ …

blog-note-7-return-policy-1

ဒါနဲ့ Note 7 က ကိုယ်နဲ့ တော့ အဆင်ပြေနေတာပဲ ၊ မလဲတော့ပါဘူး မလုပ်နဲ့ ဆရာ ၊ Samsung က နောက်ပိုင်းမှာ လာမလဲတဲ့ Note 7 တွေကို remote deactive လုပ်မယ် လို့လည်း သတင်းထွက်ပါတယ်။ အဲ့ဒီတော့ ၊ Note 7 သုံးနေတယ် ဆိုရင် လဲစရာရှိလဲ ၊ မဟုတ်ရင်လည်း အင်မတန်မှ စျေးကြီးပေးရတဲ့ paperweight လေး တစ်ခု ရတယ်လို့ သာ အောင်မေ့ ရမယ့် ကိန်း…

ပြီးတော့ ကြားတာက လောလောဆယ် Samsung က over-the-air update ထုတ်ပေးပြီး ဘက်ထရီ ၆၀% ထက်ပိုပြီး အားသွင်းလို့ မရအောင် လောလောဆယ် အရေးပေါ် အက်ရှင်ယူထားတယ် လို့လည်း သတင်းတွေမှာ တွေ့ရပြန်ရော၊

BBC မှာ ဖတ်ရတာတော့ Samsung က Note 7 ကို ဘက်ထရီ ပြင်ဆင်ပြီးတဲ့ အခါ လုံးဝလုံးဝ စိတ်ချရပြီ ဖြစ်ကြောင်း အသိပေးထားတယ်လို့ လည်း ပြောပါသေးတယ်ခင်ဗျ။

ပြည်တွင်းမှာတော့ Note 7 ပြန်အပ်ဖို့နဲ့ ပတ်သက်ပြီး Internet Journal မှာ ဒီ သတင်းပါလာပါတယ်။

blog-note-7-return-policy-2

ပြန်ထုတ်ပေးမှာက အောက်တိုဘာ ဆိုတော့ လောလောဆယ် ဖုန်းလက်မဲ့ ဖြစ်ဦးမှာ ၊ ကျွန်တော်ထင်တယ်လေ … ဒါနဲ့ပဲ S7 Edge တွေပဲ လဲတော့မယ် ဆိုတဲ့ သူတွေ ပိုများလာမယ် ထင်တာပဲ …

သတင်းမှာဖတ်တော့ ဖုန်း ၊ ဗူးခွံ ပြန်ယူခဲ့ပါဆိုတော့ .. အိုကေပါ ။ ဒါနဲ့ လက်ဆောင်ပေးတဲ့ အိတ်ပါ ပြန်အပ် ရမယ် ဆုုိတော့ …. အဟက်ဟက် …. မပြောသေးဘူး…. 😛 😀

Source: Android Authority, Internet Journal, BBC

Leave a Reply

Your email address will not be published. Required fields are marked *