Note 5 မှာ S-Pen လည်း ပြောင်းပြန် ထည့်လို့ ရပြီ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

blog-note-5-fix-1

ဟိုးးးး တလောကလေ… Note 5 မှာ S-Pen ကို ပြောင်းပြန် ထည့်လိုက်ရင် အတွင်းမှာ ပျက်စီးပြီး Note 5 ရဲ့ မဟာ function တချို့ အလုပ်မလုပ်တော့ဘူး ဆိုတဲ့ အကြောင်း မှတ်မိတယ် ၊ ဟုတ် ??? မသိတော့ရင် ဒီမှာလည်း ဖတ်လို့ ရပါတယ် ၊ အဲ့တုန်းက မလုပ်ပါနဲ့ ဆို … အတင်းလိုက်လုပ်လို့ ပျက်ကုန်ကြတာတောင် ရှိသေး … 😛 😀

ရှိစေတော့ …. Samsung က ပြောလို့ ပြောတာ မဟုတ်ဘူး ၊ အခု အတော်ကို သွက်တာ။ Note 5 မှာ ဒီလို ဖြစ်တယ် ၊ အခု Note 6 လား ဘာလား .. model အသစ် မထုတ်ခင်မှာတင် ဒီဇိုင်း ပြောင်းလိုက်ပါပြီတဲ့ဗျာ။ အတွင်းမှာ ပုံထဲက အတိုင်း ၊ ဘာညာ ပစ္စည်းလေး အပိုထည့်ပြီး S-Pen ပြောင်းပြန်ထည့်ရင် မရဘူးတော့ မဟုတ်ဘူး ၊ ရတယ် ၊ သို့သော် အရင်လို ကျိုးဟယ် ပြုဟယ် မရှိတော့ ပါဘူးတဲ့…

blog-note-5-fix

ပုံထဲမှာ ဘယ်ဖက်က Note 5 အသစ် ၊ ညာဖက်က အဟောင်းပါ။ ဘယ်ဖက်ဖုန်းရဲ့ အပေါ် ညာဖက်ထောင့်မှာ ခဲရောင် ပစ္စည်းလေး အပိုထည့်ပေး လာတာပါ။

ဒါကြောင့် Note 5 အသစ်ဝယ်ရင်တော့ ၊ မှောင်နဲ့ မဲမဲ S-Pen ကို ပြောင်းပြန်တပ်မိ ရင် ပြသနာ မရှိတော့ ပေမယ့် ၊ ကိုယ်ဝယ်ထားတာက Note 5 လက်သစ်လား ၊ လက်ဟောင်းလာ ဖြုတ်ကြည့်မှပဲ သိမလိုလို သဘော ရှိတာကြောင့် ၊ ဆြာတို့ … ဆြာမ တို့ရေ …. ယောင်မှားလို့… သွားမစမ်း ကြပါနဲ့ဦးလို့ …

😛 😀

Source: TheNextWeb, Engadget
Photo Credit: Phandroid

Leave a Reply

Your email address will not be published. Required fields are marked *