အားလုံးအတွက် NoPhone

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ပြောလို့ ပြောတာမဟုတ်ဘူးရယ် ၊ ရူးပြီးဟေ့ ဆိုရင် အနောက်ကမ္ဘာက ပုဂ္ဂိုလ်များကို လိုက်လို့ကို မမှီ ..

ဒါလေးလည်း ကြည့်ကြည့် ၊ NoPhone တဲ့ ၊ ဘာလုပ်တာလည်း ဆိုတော့ ဖုန်း အစားထိုး ကိုင်ဖို့တဲ့ ၊ ဘာလုပ်လို့ ရလဲ ဆိုတော့ ဘာမှ လုပ်လို့ မရဘူးတဲ့ ၊ ပြီးရော …

blog-no-phone-3

ဘာလုပ်ဖို့များ ဒါကိုဖန်တီးလဲ ၊ ရောင်းရော ရောင်းရပါ့မလား သွားမတွေးနဲ့ ဆြာတို့ ၊ ဆြာမတို့ ။ ဒီ ပရောဂျက်က ၊ လူထု ထောက်ခံမှုကိုယူ ၊ “ဒါလေး သဘောကျတယ် ၊ တကယ် ထုတ်ဖြစ်ရင် ငါ့ဆီလည်းပို့ပါ ၊ ထုတ်ဖြစ်ရင် ၅ ဒေါ်လာယူ ၊ ၁၀ ဒေါ်လာယူ ၊ ခု စာရင်းကြိုပေးထားမယ်” ဆိုတဲ့ crowdfunding website – Kickstarter မှာ တောင်းဆိုထားတဲ့ fund ပြည့်လို့ စတည်လာတဲ့ ပရိဂျက်ပါဗျာ။

ဆိုတော့ကား .. ခု ဖုန်းဆိုမှ ဖုန်း ခေတ်စားနေတဲ့ အချိန်မှာ ၊ လက်ထဲမှာ ဖုန်းလေး ကိုင်ထားရမှ ကျေနပ်တယ် ၊ ဘောင်းဘီအိတ်ထဲ ဖုန်းလေး ပါနေမှ စိတ်ချမ်းသာတယ် ဆိုရင် ဖုန်းအစားထိုုး ၊ ဖုန်း အရွယ်အတိုင်း ၊ အလေးချိန်အတိုင်း ကိုင်ဆလို့ ရမယ့် NoPhone ..

iPhone နဲ့ နှိုင်းယှဉ်လို့ဘာတွေ ကောင်းသတုန်းဆိုတော့ အိမ်သာအိုးထဲ ပြုတ်ကျရင်လည်း ခံနိုင်ရည် ရှိပါတယ်တဲ့ …

blog-no-phone-1

ရူးတယ်လို့ပဲတော့ ဆိုလို့ မရဘူးဗျ။ ဖုန်းကို စွဲလန်းလွန်းအားကြီးတဲ့ သူတွေ ၊ ရောဂါ မရင့်ခင်ကုဖို့ ၊ စားသောက်ဆိုင်မှာတောင် အချင်းချင်း မျက်နှာချင်းဆိုင် စကား မပြောနိုင်တော့တဲ့ စုံတွဲတွေ သုုံးဖို့ စသဖြင့် လိုအပ်တဲ့ လိုုအပ်ချက်တွေ ဖြည့်ဆည်းနိုင်တဲ့ သူတွေလည်း ရှိပါ့ .. ကြိုက်ပြီဟေ့ဆိုတဲ့ သူတွေက ဒီလိုတောင် မှတ်ချက် ပြုကြသေး 😛 😀

blog-no-phone-2

သူက NoPhone ပေမယ့် သွားမလုပ်နဲ့နော် ၊ NoPhone Zero ဆိုတာက ဒီတိုင်း လေးထောင့် အတုံးလေး ၊ NoPhone Selfie ဆိုတာက selfie ရိုက်ချင်တဲ့သူတွေ သုံးဖို့ ၊ ထုတ်ကြည့် ၊ ရှေ့မှာ မှန်လေးနဲ့ … 😛 😀

blog-no-phone-4

ထပ်သိချင်ရင် ကိုယ်တိုင် ဝင်လေ့လာကြည့် … ဟောဒီမှာ link အစစ် .. 😀 😀

Leave a Reply

Your email address will not be published. Required fields are marked *