ကွန်ပျူတာဖြစ်အောင် ပြောင်းပေးမယ့် Nokia ဖုန်း အသစ်

blogLumia-950-XL-1

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဆရာ ၊ Nokia ဖုန်းတွေက အာပလာ ဖြစ်သွားပါပြီလို့ မထင်လိုက်နဲ့ဗျ။ အခုခေတ်မှာတော့ ဖုန်းဆိုရင် Nokia ကို ဘယ်သူမှ လှည့်မကြည့်ကြတော့ ပေမယ့် ၊ ဒီဖုန်းလေး တွေ့ပြီး ရင်တော့ စိတ်ပြောင်းသွား နိုင်ကောင်းပါရဲ့ …

ဒီလိုလေ ၊ မနေ့ညက Microsoft က ပစ္စည်းအသစ်တွေ ပြတဲ့ ပွဲတစ်ပွဲ လုပ်တယ်ဗျ။ အမှန်အကန် ပြောရရင် Apple ကရော ၊ Samsung ကရော ဒီပုံစံ ၊ ဒီ ဒီဇိုင်းနဲ့ပဲ ပစ္စည်း အသစ်တွေ ထုတ်ပြနေတာ ရိုးတော့ ရိုးလာပြီလေ ၊ မနေ့က Microsoft ပွဲလေးကမှ ပစ္စည်း အသစ်တွေ လန်းလန်းဆန်းဆန်း ရှိသေး …

ပြသွားတာတော့ တော်တော်များတယ် ၊ tablet လို computer လို ဟိုလို ဒီလို သုံးလို့ ရတဲ့ Surface ၂ မျိုး လည်း ပါတယ်။ ဒါတော့ နောက်မှပဲ ပြောပြတော့မယ်။

blogLumia-950-XL-2

အခု Nokia Lumia အသစ် ၂ မျိုးက 950 နဲ့ 950XL. တစ်လုံးက ၅.၂ လက်မ ၊ နောက်တစ်လုံးက ၅.၇ လက်မ။ ၂ မျိုးလုံးမှာ 20 megapixel, f/1.9 aperture, 6 lens camera ကိုမှာ optical stabilization, triple LED flash (ဟုတ် ၊ ၃ ခု) ဘာညာ သလကာ ထုံးစံ အတိုင်းတွေပေါ့…

ဆန်းတာက ဖုန်းလေးကိုယူ Microsoft က ထုတ်မယ့် Display Dock မှာ ချိတ်… ဒန်တန်… computer တစ်လုံး ဖြစ်သွားပါလေရော။

blogLumia-950-XL-3

အဲ့ဒီ Display Dock မှာက HDMI နဲ့ DisplayPort အထွက်ရယ် ၊ USB ၃ ပေါက်ရယ် ပါမယ်လေ။ ဖုန်းကိုကြိုးနဲ့ ချိတ် ၊ keyboard နဲ့ mouse ကိုလည်း ကြိုးနဲ့ ချိတ် ၊ တဖက်မှာ monitor ချိတ် ၊ ဒါဆိုပြီးပြီ ၊ ကွန်ပျူတာကြီး သယ်သွားစရာ မလို ၊ အဲဒီ ဗူးလေးပဲ သယ်သွား ၊ ရှိနေပြီးသား monitor နဲ့ ချိတ်လိုက်ရုံနဲ့ပဲ ကွန်ပျူတာ တစ်လုံး အဖြစ်သုံးလို့ ရပြီ။ USB အပိုမှာ memory stick လေးတောင် ထိုုးပြီး သုံးလို့ ရသေး

ဖုန်းမှာ တင်ထားမှာက Windows 10 လေ။ Dock နဲ့ ချိတ်လိုက်တော့ Windows 10 PC ကြီး ရရောပေါ့ …

အော်.. လက်ဗွေတွေ ဘာတွေ စိတ်မဝင်စားဘူးရယ် ၊ ရုပ်ရှင်တွေထဲကလို မျက်လုံးကို ဖတ်ပြီး ပိုင်ရှင် ဟုတ် ၊ မဟုတ် ဆုံးဖြတ်ပေးမှာ …

ကဲ Nokia ကို အာပလာပါ ၊ အချဉ်ပါ ၊ သံပုရာသီးပါ ၊ ဇီးပေါင်းပါ … လို့ … ထင်သေးလား …

😛 😀

Source: CNet, Engadget, Digital Trends, Microsoft, Windows Central

[youtube video_id=”snEIjWR4lQw” width=”640″ height=”360″ ]

Leave a Reply

Your email address will not be published. Required fields are marked *