အသစ်ထွက်ဦးမယ့် Mi Max

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဆြာတို့ ဆြာမတို့ … အရပ်ကတို့ … Xiaomi က ဒီပုံလေး ပေါ်တင် ပြလာတယ်ဗျ …

blog-mi-max-1

Xiaomi က ဒီပုံနဲ့ ပတ်သက်ပြီး အသစ် ထွက်မယ့် Mi Max ပါလို့လည်း ပေါ်တင် ပြောလာတယ်ဗျ။ လာပြီး ပဟေဠိ အဖြေညှိခိုင်းနေတာက screen size ပါ။

Xiaomi ဖုန်းတွေမှာ Redmi 2 က 4.7 inch ၊ Mi 4c, 4s, Redmi 3 က 5 inch ၊ Redmi Note 3 က 5.5 inch ၊ Mi Pad က 7.9 inch ရှိနှင့်ပြီး Xiaomi ရဲ့ official ပြောစကား အရတော့ 4.7 inch, 5.0 inch, 5.15 inch, 7.9 inch တွေ ထဲက မဟုတ်ဘူး ၊ နောက် … ပုံထဲက အတိုင်း Jean ဘောင်းဘီထဲလဲ ထည့်လို့ ရဦးမယ် ဆိုတော့ မှန်းကိုကို ၊ မှန်းမမ တွေက ဒါ 6.4 inch phone ပဲ ဖြစ်မယ်လို့ မှန်းကြတယ်ဗျ။

မှန်းထားတာတွေ ဟုတ် ၊ မဟုတ်တော့ သေချာ မသိပေမယ့် Xiaomi က Mi Max ရဲ့ အရှေ့မျက်နှာစာမှာ Xiaomi logo လေး ပါတော့ မှာ မဟုတ်ဘူး လို့ ပြောလာ ပြန်တော် Samsung ကို ကရော် ကရော် လုပ်တာ နောက် တစ်ယောက်များ တိုးလာလေသလား .. 😛 😀

မှန်းတာကို ဒီတိုင်းမှန်းတာ အားမရသေးပဲ ၊ ဒီလုုိပုံလေးများ ဖြစ်လေမလားလို့ စိတ်ကူးနဲ့ ပုံဖော်ထားကြတာလည်း ရှိပါသေးတယ်ဗျ။ ဒီပုံကတော့ နည်းနည်း လွန်ဆွဲနေတဲ့ အပိုင်းရှိပါတယ်။ ပုံထဲမှာ မှန်းထားတာက home button ပဲနေပြီး ၊ သတင်းတွေ အရ home button က touch ပဲ ဖြစ်မယ် ၊ fingerprint reader က နောက်မှာ ဖြစ်မယ် လို့ ပြောတာလည်း ရှိတော့ ၊ အဲ့ဒီ ၂ ဖက်က လွန်ဆွဲနေကြတာပါ။

blog-mi-max-2

ဒီလို Phone နဲ့ Tablet အရွယ်ကြား ၊ Phablet က သူ့ပရိသတ်နဲ့ သူတော့ ရှိပြီးသားဗျ။ ကျွန်တော်တို့တော့ တစ်ခါ Phablet ကိုင်ဖူးတယ် ၊ Jean ဘောင်းဘီထဲလည်း ထည့်လို့ရတာ မှန်တယ် ၊ သို့ သော်ငြား … လမ်းလေ ျှာက်ရင် .. ဖုန်းက ဘောင်းဘီအိတ်ထဲ ကန့်လန့် ကန့်လန့်ရယ်ဗျ … အာ့နဲ့ပဲ ခု Phablet ဆို ကိုင်ဖြစ်တော့ဘူး ၊ ဖုန်းပြောရင်လည်း လက်ညောင်းသေးတယ်လေ ဟဲဟဲ .. ခု သာသာယာယာ ဖုန်းအသေး လေးပဲ ပြန်ကိုင်တော့တယ် 😀 🙂

Source: MIUI via Android Central

Leave a Reply

Your email address will not be published. Required fields are marked *