MacBook မှာလည်း ဖြုတ်ဦးမယ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဒီနေ့တော့ သိပ်မရေးဖြစ်တဲ့ MacBook သတင်းလေး ရေးဖို့ အကြောင်းဖန်လာတယ်ဗျ။ သိပ်မရေးဖြစ်ဆို ၊ Apple ကလည်း MacBook သုံးတဲ့သူတွေက သိပ်ပဲ ထည်လဲ မသုံးလို့လား ၊ complain တွေပဲ သိပ်မရှိိလို့လား မပြေတတ် ၊ model အသစ် တစ်ခု ထုတ်ပြီးပြီး ဆိုရင်တော့ တမေ့ပဲ…

အခုတော့ ထွက်လာတဲ့ သတင်းတွေအရ Apple က ဒီလထဲ ဖြစ်မလား ၊ ပွဲတစ်ပွဲ လုပ်မယ် ၊ MacBook အသစ်တွေ ချပြမယ်ဆိုတာပါ။ ချပြမယ် ဆိုတာတော့ သတင်းက ကောင်းသလို ရှိပေမယ့် ၊ မကောင်းတာက Apple ရဲ့ လမ်းစဉ်အတိုင်း တိမ်ကောတော့မယ် ဆိုတဲ့ နည်းပညာတွေကို ဖြုတ်ပစ်မှာပါ။

blog-new-macbook-rumour-1

ကောလဟာလ အရတော့ MacBook ရဲ့ port တွေ အားလုံးကို ဖြုတ်ပြီး USB Type C ရယ် Thunderbolt 3 ရယ်ပဲ ထားခဲ့ပြီး charging သွင်းတဲ့ Apple ရဲ့ trademark လေး Magsafe port လေးပါ အဆစ်ပါမယ့်ကိန်း ရှိပါတယ်။ ဆိုတော့ကား charging ကို USB Type C နဲ့သွင်း ၊ ပစ္စည်းတွေကို Thunderbolt မှာတပ် ၊ သေချာတာကတော့ USB ပြောင်းပေးတဲ့ dongle လေးပါဆောင်ပေါ့ .. 😛 😀

ပြီးတော့ အသစ်တွေ ထုတ်တဲ့ အခါ Apple က MacBook Air 11 inch ကိုလည်း အနားပေးဖို့ များပါတယ်။ MacBook Air 13, Pro 13, 15 စတာတွေပဲ ထုတ်တော့မယ် ၊ Pro တွေမှာကျ လက်ရှိ function key တွေကို OLED Touch Bar လေးနဲ့ အစားထိုးမယ်လို့လည်း သတင်းထွက်ပါတယ်။ ထွက်တဲ့ နေရာကတော့ နယ်နယ်ရရတော့ မဟုတ်လေဘူးဗျ။ iPhone အသစ်ထွက်ရင် Headphone jack ဖြုတ်ထားခဲ့မယ် ဆိုတဲ့ သတင်း အပါအဝင် အခြား မှန်ခဲ့တဲ့ ပန်းသီး သတင်းတွေ ထွက်ခဲ့တဲ့ Macotakara ဆီကဆိုတော့ ဒီ သတင်းတွေလည်း မှန်ဖို့ ရာနှုန်းများကြောင်းပါဗျာ။ 🙂 😀

Source: Engadget

Leave a Reply

Your email address will not be published. Required fields are marked *