Home button လေးက အပျော့လေး ဖြစ်မှာဆို

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

iPhone အသစ်နဲ့ ပတ်သက်လာရင် သတင်းတွေက ကြမ်းမှ ကြမ်းပဲဗျ။ ဂု လည်း iPhone အသစ် ကျရင် home button ဖြုတ်ပြီး touch လေး ပဲ ဖြစ်တော့မယ် ဆိုလားပဲ ၊ သတင်းထွက်လာတာ။ ဒါပေမယ့် သူ့ touch က တခြား ဖုန်းတွေမှာ ပါတဲ့ အာဂလန် ၊ မာဂလန် touch မဟုတ်ဘူးရယ် ၊ အပျော့လေး ဆိုပဲ …

Apple က ပြီးခဲ့တဲ့ လက မူပိုင်ခွင့်တင်လို့ ကျလာတဲ့ နည်းပညာမှာ liquidmetal ဆုုိတာ ပါလာတယ်ဗျ။ မူပိုင်ခွင့်တင်တုန်းက ပုံက ဒီပုံ …

blog-i7-home-button-2

အကယ်၍သာ liquid metal ကိုသာ home button မှာ သုံးဖြစ်သွားရင်လေး … home button နေရာက metal လေးကို လက်လေးနဲ့ဖိလိုက်ရင် metal က ခဏတာလေး ချိုင့်သွားမယ် ၊ ပြီးရင် နဂိုပုံလေး ပြန်ဖြစ်သွားမယ် ၊ ဖြစ်လာ နိုင်ချေ ရှိတဲ့ သဘော ပါ။

အကယ်၍သာ အဲ့လိုသာ ဖြစ်ရင် Apple က home button က ဖိတဲ့့ အားပေါ်မူတည်ပြီး အမျိုးမျိုး လုပ်ပေးမယ့် touch sensitive home button လေးမှာ ဖြစ်လေမလား … နောက် အကယ်၍သာ liquidmetal မှန်ရင် လက်ဗွေဖတ်ဖို့ Touch ID ကိစ္စက shock ရှိလာ ပြန်ရောဗျ။ Shock ဖြေဖို့ကတော့ screen ကို Touch ID-enableed screen လုပ်မှ ဖြစ်တော့မှာ…

သိဘူးလေ ၊ လုပ်ချင်တာတွေ အကုန်လုပ်ပြတဲ့ခေတ် ဆိုတော့ liquidmetal home button လေး နဲ့ ၊ လက်ဗွေဖတ်ပေးတဲ့ screen လေးနဲ့ ၊ ဟုတ်တော့ ဟုတ်နေပြီဗျ။ လောလောဆယ်တော့ သို့လော သို့လော ပဲ ရှိပါသေးလို့ ၊ ရူးမယ်ဆိုရင်တော့ စိတ်ကူးနဲ့ သာ ရူးပါလို့ပါဗျာ။ နော် 😀 🙂

Source: Digitimes via Mac Rumours

Leave a Reply

Your email address will not be published. Required fields are marked *