LG Nexus 5 leak

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို …

အသစ်ထွက်လာမယ့် Nexus ဖုန်းက လူကို မူးစေသလား ပဲဗျ။ Huawei တဲ့ ၊ ခု LG တဲ့ ၊ ၂ မျိုးလုံးတဲ့ ။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး ၊ ကျွန်တော် ပြောပြဦးမယ်။

လက်ရှိ ထွက်ထားတဲ့ Google Nexus က Motorola Nexus 6 ၊
ခု leak ဖြစ်လာတဲ့ LG Nexus ကျတော့ LG Nexus 5 တဲ့ ၊
နောက် LG နဲ့ တူတူ ထွက်မယ်လို့ သတင်းထွက်နေပြန်တဲ့ Huawei ကျပြန်တော့ Huawei Nexus 6 ဖြစ်ပြန်ရော…

ကျွန်တော်ထင်တာ ၊ ဟုတ် ၊ မဟုတ်တော့ မပြောတတ်ဘူးဗျ screen size ကို မူတည်ပြီးများ 5 နဲ့ 6 ခွဲ ထားတာများလား … (စကား စပ်စပ် ၊ မစပ်စပ် ၊ လက်ရှိ Motorola Nexus 6 ကလည်း ၆ လက်မဗျ ၊ ပြီးတော့ အပေါ်က ပုံက အင်ဒိုနီးရှား Google+ User တစ်ယောက်ဆီက ထွက်လာတာ)

blog-lg-nexus-5

ပြန်ပြောင်းပြောဆိုရရင် အခု သတင်းထွက်လာတဲ့ Nexus က LG ။ သူက LG ရဲ့ G3, G4 တုန်းက ဖုန်းအနောက်မှာ ခလုတ် ထည့်ထားတဲ့ အတွေ့အကြုံအရ ဒီ Nexus မှာ ၊ fingerprint reader ကို ဖုန်းနောက်မှာ ထည့်လာတယ်လို့ ယူဆရပါတယ်။ နောက်ကို ထွက်နေတဲ့ ကင်မရာနဲ့ တတန်းထဲပေါ့ဗျာ။

blog-lg-nexus-3

ပုံတွေ အရ dual-stereo speaker တွေ ဖြစ်ဖို့ များပါတယ်။ အသံကောင်းမယ့် သဘော ရှိတယ် ခင်ဗျ။

screen ကတော့ 5.2 inch ဖြစ်မယ်လို့ ပြောထားပြီး ၊ အတိုင်းအထွာတွေ က 146.9mm high, 72.9mm wide နဲ့ 8mm thick လိုု့ ထွက်လာပါတယ်။ 8mm thick ဆိုုပေမယ့် နောက်ကို ထွက်နေတဲ့ ကင်မရာပါ ပေါငး်ရင်တော့ 9.8mm ပါတဲ့ (S6 လို style လေးပေါ့ 😛 😀 )

blog-lg-nexus-2

Port ကတော့ USB Type C ကြိမ်းသေ သလောက် ရှိပါတယ်။ ဖုန်းကို ဘာနဲ့ တည်ဆောက်ထားမလဲ ဆိုတာ မှန်းမရသေးပဲ ပုံကို ကြည့်ပြီးတော့ ဆရာ့ ဆရာ တွေကတော့ plastic နဲ့ metal ပေါင်းစည်းထားတာ ဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမယ့် ဒီလို အပြီးတွက်ဖို့က နည်းနည်းတော့ စောပါသေးတယ်။ Google က အတည်ပေါက် ကိုု October မဟုတ်ရင် November မှ ချပြမှာကိုး

blog-lg-nexus-7

ဒါနဲ့ တကယ်သာ plstic နဲ့ metal စုပေါင်း စပ်ပေါင်း ဆိုရင် LG ရဲ့ Nexus က စျေးသက်သာတဲ့ mid-range ဖက်ကို ဦးတည်ဖို့ ရှိပါတယ်။ LG ရဲ့ original Nexus 5 က $349, လက်ရှိ Motorola Nexus 6 က $649 ပါ (ဘာလို့များ 5 ဖြစ်လိုက် 6 ဖြစ်လိုက် ၊ ဖြစ်နေသလဲ လုံးလုံးကို နားမလည်တာ)

ထပ်ပြီး ခြံုငုံရရင် 2015 ရဲ့ Nexus က ၂ မျိုး ဖြစ်ဖို့ သေချျာ သလောက်ရှိပါတယ်၊
LG က 5.2 inch,
Huawei က 5.7 inch

LG ကထွက်မယ့် Nexus က LG Nexus 5,
Huawei ကျတော့ Huawei Nexus 6 .

phew… 😀 🙂

Huawei ရဲ့ Nexus လို့ ထင်ရတဲ့ သတင်းကို တော့ ဒီမှာ ဖတ်လို့ရပါသေးတယ်ဗျာ။

Source: Onleak, uSwitch, Engadget

Leave a Reply

Your email address will not be published. Required fields are marked *