iPhone အသစ်က စက်တင်ဘာ ၁၈ ဆိုပဲဗျ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို …

ဂျာမနီ နိုင်ငံရဲ့ မီဒီယာမှာ ထွက်လာတာက စက်တင်ဘာ ၁၈ ရက်နေ့မှာ သူတို့ နိုင်ငံရဲ့ phone carrier အနည်းဆုံး ၂ ခု က iPhone အသစ်ကို ရောင်းဖို့ အဆင်သင့် ဖြစ်နေပြီတဲ့။

iOS 9 နဲ့ ပတ်သက်ရင်လည်း အဲဒီ သတင်း source ကပဲ September 16 ရက်လို့ ပြောထား ပြန်ရောဗျ။

ပြီးခဲ့တဲ့ နှစ်က iPhone 6 နဲ့ 6 Plus ကို စက်တင်ဘာ ၉ ရက်နေ့မှာ ချပြတယ် ၊ pre-order ကို စက်တင်ဘာ ၁၂ မှာ စယူတယ် ၊ ပြီးတော့ စက်တင်ဘာ ၁၈ မှာ စရောင်းခဲ့တာပါ။ ဒါဆိုရင် သေချာပြီ မနှစ်က pattern ကို ပြန်သွားနေတာ။

blog-iphone-6s-tease-2

အသစ်ထွက်မယ့် iPhone 6s ၊ 6s Plus နဲ့ ပတ်သက်လို့တော့ Force Touch display technology, ပိုမြန်တဲ့ A9 CPU, 2GB RAM, 4K video recording လုပ်နိုင်တဲ့ 12 MP rear camera ၊ selfie ရေစီးကြောင်းအတွက် 5 MP front camera လို့ specification တွေ သတင်းထွက်ထားတာ ရှိတဲ့ အပြင် ၊ အသစ် ထွက်မယ့် iPhone 6s, 6s Plus က Force Touch display ကြောင့် လက်ရှိ iPhone တွေ ထပ် နည်းနည်း ပိုထူမယ် ဆိုတဲ့ သတင်းလည်း ရှိပါသေးတယ်။ Force Touch technology က တော့ screen ပေါ်မှာ လက်နဲ့ ဖိတဲ့ အခါ ဖိတဲ့ အားပေါ်မူတည်ပြီး လုပ်ဆောင်ချက် အမျိုးမျိုး လုပ်ဆောင်ပေးနုုိင်မယ့် နည်းပညာပါ။

Myanmar Lifestyle ကတော့ အခု iPhone 6s နဲ့ 6s Plus cover တွေ ဝယ်လို့ ရနေပြီမို့ ထွက်တာနဲ့ သုံးလို့ ရအောင် မှာထား ပြီးကြောင်းပါဗျာ

😀 🙂

Source, Photo: Redmondpie

blog-ad-i6-neon

Leave a Reply

Your email address will not be published. Required fields are marked *