မတ်လပွဲနဲ့ iPhone SE

blog-Apple-in-2016-1

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

အင်း… မတ်လ ရောက်ပြီဆိုတော့ iPhone သတင်းက လှုပ်ပြန်ပြီပေါ့။ ပွဲကိုု မတ်လ ၁၅ မှာလုပ်မယ် ၊ ပစ္စည်းတွေကို မတ်လ ၁၈ မှာ စရောင်းမယ် .. စသဖြင့် သတင်းတွေ ထွက်ထားပေမယ့် ၊ ပွဲကို ၂၁ ရက်နေ့ ပြောင်းမယ်ဆိုတဲ့ သတင်းလည်း ထွက်လာ ပြန်တယ် ခင်ဗျ။ ဘယ်ရက်ဆိုတာ လောလောဆယ် မသေချာ သေးပေမယ့် နောက်ဆုတ်ဖို့ များတယ် ၊ Apple က လောလောဆယ် FBI နဲ့ သေနတ်သမား တရားခံရဲ့ ဖုန်း ကို lock ဖြည်ပေးရေး ၊ မဖြေရေး ဗျာများနေလို့ ဖြစ်မယ်လို့ ခန့်မှန်းတဲ့သူတွေလည်း ခန့်မှန်းကြပါတယ်။

blog-Apple-in-2016-2

ပြီးတော့ ဒီပွဲမှာ ပြမယ် ဆိုတဲ့ 4 inch – iPhone နဲ့ ပတ်သက်ပြီး ပုံတွေ ထွက်လာပြန်ပါတယ်။ ဒီ ဖုန်းကို iPhone 5se လို့ ခေါ်မယ့်အစား iPhone SE လို့ပဲ ခေါ်မယ်လို့ ပြောလာ ကြပြန်ပါတယ်။

ထွက်လာတဲ့ ပုံကတော့ အဲ့ဒီ 5se လား ၊ SE ရိုးရိုးလား ၊ အော်တိုဂီယာလား ၊ manual လား … ဘယ်လို ခေါ်မယ် မသေချာသေးတဲ့… ၄ လက်မဖုန်း ရဲ့ production line ကနေ leak ဖြစ်လာတဲ့ screen component ပါတဲ့ဗျာ။

blog-Apple-in-2016-3

မိုးလေဝသ ခန့်မှန်းသလိုပဲ ဆရာ့ဆရာတွေကတော့ ဒီပုံတွေကို ကြည့်ပြီး 3D Touch component မပါလာဘူးလို့ ပြောပါတယ်။ ဒါကြောင့် ဒီ ၄ လက်မ ဖုန်းက လက်ရှိ 6s တွေလို 3D Touch တော့ ရမယ့် သဘောမှာ မရှိဘူး ခင်ဗျ။ သို့ပေမယ့် ကင်မရာကတော့ ရှယ် ဖြစ်မယ် ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းလည်း ရှိနေပြန်ပါသေးတယ်။ စျေးကတော့ ဒေါ်လာ ၄၀၀ – ၅၀၀ ကြားမှာ ရှိမယ်လို့ သတင်းထွက်တာကြောင့် ၊ iPhone အသစ် ၁ လုံး အနေနဲ့့ ဆိုရင်တော့ မဆိုးလှတဲ့ စျေးလို့ ပြောရမှာပါ။

KGI Securities ဆိုတဲ့ firm ကတော့ ဒီ ၄ လက်မဖုန်း ကယက်ကြောင့် ၄ လက်မဖုန်းရောင်းအားဟာ ၁၃၁% ရောင်းအားတက်လာပြီး ၂၀၁၆ မှာ အရေအတွက်အားဖြင့် ၃၇သန်း လောက်ရောင်းရနိုင်ချေရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒီ အရေအတွက်က ၄ လက်မ iPhone အသစ်ကြောင့် iPhone 5s ကို စျေးထက်ဝက်လျော့ပြီး ရောင်းမှ ဖြစ်လာနိုင်တဲ့ ပမာဏလို့လည်း ခြေကုပ်ယူထားပါသေးတယ်။

လောလောဆယ်တော့ မှန်းဆော် ၊ ရမ်းတုတ်နဲ့ ပန်းသီး ရဲ့ အိန္ဒြေကလည်း တယ်ကြီးသကိုးဗျ။ သူများတွေဆို ပွဲလုပ်ဖို့ နီးပြီဆိုရင် ဟိုပုုံ leak ဖြစ်ရ ၊ ဒီ specification leak ဖြစ်ရနဲ့ ၊ အခုတော့ ဒီ SE နဲ့ပတ်သက်လို့ ဒီလောက်ပဲ စမ်းတဝါးဝါး သိရသေးတော့ ၊ သိရသလောက်လေးပေါ့ဗျာ … နော်…. 😀 🙂

Source: Nowhereelse.fr via RedmondPie

Leave a Reply

Your email address will not be published. Required fields are marked *