iPhone 8 ကျရင် …

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

iPhone 7 လေး ဝယ်ကိုင်ထားသူတွေကတော့ ပူအောင်တောင် မကိုင်ရသေးဘူး ၊ iPhone 8 တဲ့ သတင်းတွေ ထွက်လာပြန်ပြီ … 😛 😀

blog-iphone7-flaws-1

အဓိကကတော့ iPhone 8 ကျရင် ရှေ့ရော ၊ နောက်ရော ၊ အားလုံး glass ဖြစ်သွားမယ်လို့ ဒီ နေ့ ထွက်လာတဲ့ ကောလဟာလ ရပ်ဝန်းမှာ သိရတယ်ဗျ။ Glass body ဖြစ်သွားမှာကတော့ သိပ်မဆန်းပေမယ့် ၊ iPhone 8 ကို 4.7 inch screen ရယ် ၊ 5.5 inch ရယ် ၊ ထုတ်မြဲ အတိုင်း ထုတ်မယ် ဆိုတာ အိုကေ ၊ ဘာတဲ့ … 5 inch ပါ စပ်ကူး မတ်ကူး ကြားဆိုဒ်လေး ထုတ်ဦးမယ် ဆိုတော့ ၊ iPad လိုပဲ ဆိုဒ်ပေါင်းစုံ နဲ့ ဘယ်ဟာ ရွေးရမှန်း မသိ ဖြစ်ဦးမလား မပြောတတ်….

5inch လေးသာ တကယ် ထုတ်ရင်တော့ 4inch iPhone SE လေးတော့ ဒီဘဝ ၊ ဒီမ ျှနဲ့ပဲ ကျေနပ်ရတော့မယ့် ကိန်းပဲ …

blog-iPhone-6-se-body-3

ပြီးတော့ ဟိုနေ့က Xiaomi က ဘောင်ပျောက်လေး ချပြသွာတော့ ၊ ခု ရက်ပိုင်း ဘောင်ပျောက် ဂယက်ကလည်း ရှိသေး။ iPhone 8 ကျရင် ဘေးဖက် ၊ အပေါ်တင် မဟုတ်ပဲ ၊ အောက်ဖက်ပါ ဘောင်ပျောက်ဖြစ်မယ်ဆိုလည်း ဖြစ်နိုင်တာပါပဲလေဗျာ နော် … အဲ့ကျရင်တော့ fingerprint ဖတ်ဖို့ TouchID လေးက မှန်ထဲ တပါတည်း ထည့်ထားမယ့် touch လေး ဖြစ်မလားလည်း မပြောတတ် …

blog-i7-deepgray-5

ပြောတတ်တာကတော့ ဒီနေ့ ထွက်လာတဲ့ ၄လပတ် စာရင်းဇယားတွေမှာ Smartphone ထုတ်သူတွေ သိပ်အခြေအနေ မကောင်းလှဘူးဗျ။ Samsung ကတော့ Note 7 ထိုုးနှက်ချက်ကြောင့် အမြတ်ငွေ ၃၀% ကျဆင်းသွားတယ် ၊ သူတင်ပဲလား ဆိုတော့ ဘယ်နေမလဲ ၊ Apple လည်းပါသေး …. သူက ၉% ကျတယ်။ ရောင်းရတဲ့ ပစ္စည်းတွေနဲ့ ဆိုရင် iPhone က ၅.၂% ၊ iPad က ၆% ၊ MacBook က ၁၄% ကျတယ် ဆိုပဲ။ MacBook က ၁၄% ကျတာလည်း နည်းတောင် နည်းသေး ၊ အသစ်ထပ်မထုုတ်တော့တာ နှစ်နဲ့ကို ချီနေပြီကော …

သို့ပေမယ့် ဆြာတို့ ၊ ဆြာမတို့ MacBook အသစ်ကို ဒီည ချပြမှာနော် ၊ ဒါကြောင့် လဲမယ် ၊ ဝယ်မယ်ဆိုရင်တော့ ပိုက်ပိုက်လေးပဲစု … 😛 😀

Source: RedmondPie, Engadget, CNet

Leave a Reply

Your email address will not be published. Required fields are marked *