iPhone 6s 16 GB ထွက်မယ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

iPhone ကို စျေးအများကြီး မသုံးချင်တဲ့ သူတွေ ၊ storage တွေ ပိုနေမယ့် တူတူ storage နည်းနည်းကို စျေးသက်သာပြီး ဝယ်ချင်တယ်ဆိုသူတွေ အတွက် သတင်းကောင်း ဖြစ်မယ်ဗျ။ အရင့်အရင်က ကောလဟာလတွေ ထွက်ထားသလို 32GB ကစမယ် ဆိုတာ မဟုတ်ပဲ iPhone 6s ထွက်တဲ့ အခါကျရင် 16GB က စဝယ်လို့ ရဖို့ ရှိပါတယ်။

ဒီပုံကတော့ iPhone 6s ရဲ့ ဗူးမှာ ကပ်မယ့် sticker လို့ယူဆရပါတယ်။ Steve Hemmerstoffer ဆိုသူဆီကနေ leak ဖြစ်လာတာပါ။ ပုံအနေအထားအရတော့ အတည်ပေါက်ကြီးဗျ။ ကြည့်ကြည့်…

blog-6s-16gb-2

ခက်တာ တစ်ခု က အခု iOS က 16GB လောက်ဆိုရင် ပျင်းတောင်း ပျင်းသေးတယ် ဆိုပြီး နည်းနည်း ပဲ ချန်ထားဖို့ ရှိနေပြန်ရော ၊ သဘောကတော့ စျေးသက်သာတာ သုံးချင်တယ် ၊ ဒါမှ မဟုတ် ဓာတ်ပုုံလေးလောက်ပဲ ဘာလေး ရိုက်ပြီး အေးအေးလူလူ သုံးချင်တယ် ဆိုတဲ့ သူတွေမှပဲ 16 GB က အဆင်ပြေမယ် မှန်းတယ်ဗျ။

ဘယ်လိုပဲဖြစ်ဖြစ် September 9 ဆိုရင်တော့ သေချာ အားလုံး ရှင်းရှင်းလင်းလင်း သိပြီ။ စောင့်ကြဦးစို့ …

🙂 😀

Source: Redmondpie

blog-ad-evo

Leave a Reply

Your email address will not be published. Required fields are marked *