6C တဲ့ဗျို့

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

လုပ်လာပြန်ပြီဗျ။ ၄ လက်မ 6C တဲ့။ ပျောက်သွားတာကြာပြီ ဒီသတင်း ၊ အခု တစ်ကျော့ပြန်လာပြန်ပြီ။

ဒီသတင်းသာ အမှန် ဆိုရင် 5C တုန်းက လူစိတ်ဝင်စားမှု အားနည်းပေမယ့် 6C ကတော့ ဒီလို မဖြစ်အောင် ကြံဖန်မယ့် သဘောမှာ ရှိတယ်ဗျ။ လူအများစုက 5s ကို သဘောကျတာကြောင့် 6C ကို 5s ရဲ့ အခြေခံမူတွေ ယူပြီး တည်ဆောက်မယ်လို့ သတင်းထွက်တယ် ၊ metal ဖြစ်မယ် ၊ 2016 March မှာ ချပြမယ်ဆုုိတဲ့ သတင်းတွေ ရှိပါတယ်။

6C ဆိုတဲ့ သတင်းနဲ့ အတူ ဒီ ပုံကလည်း ခါတော်မှီလေး online မှာ ပျံ့သာသေးသဗျ။ ပုံထဲကအတိုင်းရယ် ၊ ခုဏက သတင်းတွေရယ် ဆက်စပ်ကြည့်ရင် 6C က 1,715 mAh battery ဆိုပါတော့။

blog-iphone6c-1

နောက်ဖြစ်ချင်တော့ Apple ကိုယ်တိုင်ကလည်း Dock connector ကြော်ငြာတာ ဒီပုံနဲ့ ကြော်ငြလေရဲ့ ၊ ရုတ်တရက် ကြည့်ရင်တော့ ဒီဖုနး်က 5C လိုလိုု ဘာလိုလို ရှိပေမယ့် ၊ Home button မှာ ဝန်းထားတဲ့ chrome က Touch ID sensor ကို ပြနေတာလေ။ 5C မှာ Touch ID sensor မှ မပါလေပဲကိုး ငှဲငှဲ … ခုတော့ Apple က ဒီ ပုံလေးကို ပြန်ဖြုတ်ချထားလိုက်ပါပြီဗျာ။

blog-iphone6c-2

ပြီးတော့ ရှိသေးတယ်။ Apple က ယောင်ဝါးဝါး ထတင်တဲ့ ပုံထဲက ဖုန်းနဲ့ အရောင်တူပြီး 5C နဲ့ ကွဲပြားတဲ့ ပုံကလည်း online မှာ ထပ်ပျံ့လာပြန်ရောဗျ။

blog-iphone6c-3

ဒါကြောင့် ဒါတွေ ၊ ဒါတွေ အားလုံးကို ခြုံငုံကြည့်ရရင် ၄ လက်မ iPhone 6C ဆိုတာကြီးက တကယ်ကြီး ဖြစ်လာဖို့ ရှိတယ်ဗျ။

အဲ့ဒါပြောပြတာ..

🙂 😀

Source: Digital Trends, CNet

Leave a Reply

Your email address will not be published. Required fields are marked *