iPhone 5se ကလည်း နီးပြီလေ

blog-iphone5se-2

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဒီရက်ပိုင်း စက်ရုပ်တွေပဲ တစ်ရုပ်ပြီး တစ်ရုပ်ထွက်နေ … ဒါပေမယ့်လည်း ပန်းသီးကလည်း မနေဘူးဗျ ၊ online ပေါ် မတ်လမှာ ရောင်းမယ်လို့ သတင်းထွက်နေတဲ့ iPhone 5se ရဲ့ cover ပုံလေး ထွက်လာတယ်ဗျ။ ဟုတ်တယ်.. 4 inch screen နဲ့ မတ်လ ၁၅ ရက်နေ့မှာ ချပြမယ်လို့ သတင်းထွက်နေတဲ့ 5se ပါ။

blog-iphone5se-1

Cover ပုံလေးကတော့ cover ထုတ်တဲ့ သူတွေဆီက ပြန့်လာပြီး အတိုင်းအထွာ အရတော့ 2012 က ထုတ်ထားတဲ့ iPhone 5 နဲ့ တူတူပဲ ဆိုတဲ့ သတင်းလည်း ရှိတယ်ဗျ။ ပြောင်းသွားတာဆိုလို့ sleep/wake button က အပေါ်မှာ မဟုတ်တော့ပဲ ဘေးကို ရောက်သွားတာပါ။ တချို့က အသစ်ထွက်တဲ့ iPhone 5se ကို 5s cover မှာ တပ်ရင်တောင် အဆင်ပြေမယ် လို့လည်း ပြောကြပြန်ရောဗျ။

blog-iphone5se-4

ဒီပုံတွေကတော့ ဖြစ်နိုင်ချေရှိတာတွေကို render လုပ်ထားတဲ့ ပုံတွေပါ။ ပုံတွေ နဲ့ သတင်းတွေ အရတော့ 4.7 inch screen ၊ home button ကို ၂ ချက် tap ရင် UI element ကို screen ရဲ့ တဝက်ကို ချပေးမယ်တဲ့ ၊ ဒါတော့ ကျွန်တော်လည်း သိပ်တော့ မျက်စိမရှင်းဘူးဗျ။ ထွက်မှပဲ သေချာ လေ့လာ ရမှာပဲ 😛 😀

blog-iphone5se-3

Touch ID မပါဖို့လည်း များတယ် ၊ ထူးခြားတာဆိုုလို့ Rose Gold အရောင်ပါလာမယ်။ 16GB နဲ့ 64GB ၂ မျိုး ထုတ်မယ် ၊ ပွဲကိုု မတ်လ ၁၅ မှာ လုပ်မယ် ၊ ရောင်းတာတော့ မတ်လ ၁၈ မှာ ရောင်းမယ် ဆိုုတဲ့ ကောလဟလများ ပျ့ံနှံ့လျက် ရှိကြောင်းပါဗျာ။ 😀 🙂

Source: 9to5Mac via GSMArena

blog-iphone5se-5

Leave a Reply

Your email address will not be published. Required fields are marked *