32GB ကျတော့ လ ျျှိုထားတာလား မပြောတတ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

မပြောတတ်ဘူး ခင်ဗျ ။ ဘာမှ မရေးခင်ကို အရင် ကြိုပြောထားရတာ။ iPhone သတင်းရေး ရင် မြန်မာပြည် ပန်းသီး fan တွေကို ကြောက်လို့ … 😛 😀

Apple ရဲ့ iPhone အသစ်က မီးထ မလောင်တာတော့ မှန်တယ် ၊ သို့သော်ငြား ၊ သူ့မှာလည်း ခါးသီးသော အမှန်တရား လေးတွေတော့ ရှိသားဗျ။ ဒီရက်ပိုင်း ရှာရှာဖွေဖွေ သုသေသန ပြုလုပ်ကြတဲ့ အနောက်ကမ္ဘာက ဆြာကြီးများရဲ့ လေ့လာ တွေ့ရှိချက်အရ iPhone 7 / 7 Plus ရဲ့ 32GB model ဟာ 128GB model ထက် ပိုပြီး file တွေ သိမ်းဆည်းမှု နှေးတယ်ဆိုတာပါ။

blog-iphone7-6

သူတို့ကတော့ 4K video ကြီး ၁၀ မိနစ်စာ ရိုက်တယ် ၊ ပြီးတော့ ဖုန်းနဲ့ တပါတည်းပါလာတဲ့ Photos app မှာ ဖြတ်တယ် ၊ အဲ့ဒီမှာ စတွေ့တော့တာပဲဗျ။ 32GB iPhone 7 ဟာ 64GB iPhone 6s ထက်တောင် သိမ်းဆည်းမှုမှာ နှေးတယ်လို့ သူတို့ တွေ့ရှိပါတယ်။ မှန်းဆချက်တွေ အရတော့ Apple က iPhone 7 / 7 Plus 32GB အတွက် storage ကို နည်းနည်း ဝိတ်လျော့ထားသလား မပြောတတ် ခင်ဗျ။

ဒီ နံပါတ်လေးတွေကို ကြည့်ကြည့်ရအောင်…

blog-i7-32gb-writespeed-1

PassMark Storage Write ဆိုတဲ့ နေရာမှာ အတော်ကြီးကို သိသိသာသာ ကြီးကွာနေတာ တွေ့ရပါတယ်။ သို့ပေမယ့် တဖန် ထူးဆန်းသည်ကား ၊ 4K video copy speed ကျပြန်တော့ မြန်တယ်ဗျ။ ဒါကတော့ 6s ထက်ပိုကောင်းလာတဲ့ processor ကြောင့်များလား ။

ကိုယ်တွေလည်း technical သမား စစ်စစ် ကြီးတွေ မဟုတ်လေတော့ ထဲထဲ ဝင်ဝင်တော့ မပြောတတ် ၊ ရှာဖွေ တွေ့ရှိထားသည်က အနောက်ကမ္ဘာက ဆြာကြီးများမို့ ၊ အတင်းအကြပ် ဝေဖန် ပြောဆိုလိုပါက ၎င်း တို့ထံ တိုက်ရိုက် တင်ပြ နိုုင်ပါကြောင်း ၊ Myanmar Lifestyle ကတော့ ကြားထဲသွေးထိုး ပေးရုံသာ ဖြစ်ပါကြောင်း … ဟက်ဟက် … 😀 🙂

ဒါနဲ့ မေးကြည့်ဦးမယ်ဗျ။
[poll id=”3″]

Source: GSMArena via RedmondPie

Leave a Reply

Your email address will not be published. Required fields are marked *