iPad Pro နဲ့ Screen Freeze ပြသနာ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ပြောရဦးမယ်ဗျ။ ဧရာမ ဆိုဒ် ၊ iPad Pro ကြီးမှာ ဧရာမ ပြသနာ ကြီး တက်နေပါပြီ။ Charging သွင်းတဲ့ အခါ screen freeze ဖြစ်ပြီး ဘာမှ လုပ်လို့ မရတဲ့ ပြသနာပါ။

blog-ipad-pro-bug-1

Google မှာ iPad Pro screen dead ဒါမှ မဟုတ် iPad Pro screen freeze လို့ ရှာရင် user အချို့မျာ ဖြစ်နေတာတွေ တွေ့ရမှာပါ။ Macworld ဆိုဒ်ရဲ့ သတင်းအရတော့ Apple က ဒီ ပြသနာကို အတည်ပြုထားတယ်လို့ ဖတ်ရပါတယ်ခင်ဗျ။

လောလောဆယ်မှာတော့ ဒီလို iPad Pro အားသွင်းထားပြီးရင် screen freeze ဖြစ်သွားခဲ့ရင် Sleep/Wake နဲ့ Home button တွေကို အနည်းဆုံး ၁၀ စက္ကန့် ဖိထားပြီး Apple logo ပေါ်တဲ့ အထိစောင့် ၊ ပြန်တက်လာရင် ပြန်သုံး … ဒီနည်းက လွဲပြီး မရှိသေးပါဘူးတဲ့ဗျာ။ မသေချာ မရေရာတာက ဒီပြသနာက Apple က firmware / software update လုပ်ပေးလိုက်ရုံနဲ့ ကောင်းသွားနိုင်မလား ဆိုတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ Apple က ဘာမှ မပြောသေးဘူးလို့တော့ Myanmar Lifestyle က လက်လှမ်းမှီ သလောက် သိရပါတယ်ဗျာ။

blog-ipad-pro-bug-2

တချို့ user တွေမှာတော့ Siri ကို enable လုပ်ထားရင် ၊ iCloud backup ကို disable လုပ်ထားရင် ၊ ဒါမှမဟုတ် Apple ကို diagnostic တွေ ပို့တာ disable လုပ်ထားရင် ၊ Do not Disturb ကို disable လုပ်ထားရင် screen freeze ဖြစ်တာ ဖြေရှင်းနိုင်တယ်လို့လည်း အတိအကျ မဟုတ်တဲ့ solution တွေလည်း ရှိနေပါသေးတယ်။

ဒီလိုနဲ့ပဲ Myanmar Lifestyle က ပန်းသီး ဆိုးကွက်တွေပဲ လှည့်ပတ်ရေးတယ် မထင်လိုက်ပါနဲ့ဗျ ၊ စက်ရုပ်ရော ၊ ပန်းသီးရော ချစ်ပါတယ်နော် ။ ငှဲငှဲ

😛 😀

Source: ZDNet, Macworld

Leave a Reply

Your email address will not be published. Required fields are marked *