iPad Pro က ဒါမျိုး ဖြစ်မလား

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

မနက်ဖြန် September 9, ညပိုင်းဆိုရင် Apple က ပစ္စည်း အသစ်တွေနဲ့ ပတ်သက်ပြီး ပွဲမှ တရားဝင် ကြေငြာပြီဗျ။ လောလောဆယ်တော့ Rose Gold iPhone 6s ၊ iOS အသစ် ၊ Watch အတွက် OS အသစ် နဲ့ iPad Pro ဆိုတဲ့ သတင်းတွေ ရှိတယ် ခင်ဗျ။

iPad Pro ဆိုတာက အစကတော့ ကောလဟာလ လိုုလိုု ၊ ဘာလိုလိုု ကနေ အခု တကယ်ကြီး ဖြစ်တော့ မလား မသိ ၊ မနက်ဖြန် ပွဲအတွက် စိတ်ဝင်အစားဆုံး ပစ္စည်းက ဒီ iPad Pro ပါ ၊ မပါ ဆိုတာပဲ…

အစက Apple က ဒီလို size ကြီးတွေ ဝါသနာ ပါလေ့ မရှိဘူး ၊ နောက် tablet တို့ ဖုန်းတို့မှာ stylus pen တွေ ပါတာကို Apple ရဲ့ ထိပ်သီး designer ကြီး Jony Ive က သိပ်မုန်းတာလို့ သူ့ biography မှာ ဖတ်ဖူး လေတော့ ၊ ဒီ iPad Pro ကြီးသာ တကယ် ဖြစ်ရင် stylus တော့ ပါလိမ့်မယ် မထင်မိပေမယ့် ၊ လူ့စိတ်ဆိုတာလည်း မှန်းရ ခက်သားဗျ ၊ ခုတစ်မျိုး တော်ကြာ တစ်မျိုး …

ဒီ iPad Pro ကြီးက 16 GB တို့ဘာတို့ ကို ပျင်းသနားတယ် ၊ 64 GB က နေ အစချီ ထုတ်မယ်လို့ ဒီနေ့ သတင်းတွေမှာ တွေ့လာရပါတယ်။ Built-in LTE ပါမယ် လို့ သတင်းတွေလည်း ရှိပြီး ၊ အဲ့ LTE model က MacBook စျေးနား ကပ်သွားမယ်လို့ လည်း ပြောကြတယ် ခင်ဗျ။ ဒါဆိုရင်တော့ ဝယ်ရမယ့် သူကတော့ အတော်ကို ဦးခြောက်မယ့် သဘော ရှိပြန်ရော .

12.9 inch လို့သတင်းထွက်ထားတဲ့ အတိုင်းသာ မှန်ရင် monster touch display မှာ app တွေကို ဘယ်ညာ ခွဲပြီး စတိုင်ထုတ်လို့ ရဦးမယ် ခင်ဗျ။ နောက် Apple ကလည်း ဒီ iPad Pro အတွက် keyboard တွေလည်း ရောင်းဦးမှာ ၊ မှန်းကြတာတော့ Apple က iPad Pro အတွက် keyboard ၂ မျိုး ထုတ်မယ် ၊ တစ်ခုုက cover လို တပ်လိုက်ပြီး macbook လိုသုံးလို့ရမယ့် အမျိုးအစားရယ် ၊ လက်ရှိ mac တွေမှာ သုံးတဲ့ wireless လို အမျိုး အစားရယ် ဆိုပဲ ၊ ဒါကတော့ မှန်းချေနဲ့ ရမ်းတုတ် အဆင့်ပဲ ရှိပါသေးတယ်။

နောက်တစ်ခုုက iPad Pro မှာ stereo speaker ၄ လုုံး ပါမယ်ဆိုတဲ့ သတင်း ၊ ဒါက အမှန်သာ ဆိုရင် ၄ လုံးက နည်းနည်း ကဲသွားပြီ။ iPad Pro ကြီးကို အလယ်မှာ ထားပြီး party ပေးတောင် ရမလား ၊ တွေးကြည့်တာပါ။ နောက် processor က A9x chip တဲ့ ။ ဒါတော့ ကျွန်တော်လည်း သိပ်နားမလည်ပေမယ့် ဆရာတွေကတော့ powerful ဖြစ်တယ် ပြောတယ် ခင်ဗျ။ DJ တွေ ဘာတွေ ပွတ်တဲ့ app တွေနဲ့ အိုကေ မလား မပြောတတ်ဘူး လေ။

လောလောဆယ် သိရသလောက် ဘာဘာညာညာ ကတော့ ဒီလောက်ပဲ ခင်ဗျ။ မနက်ဖြန် ပွဲကျမှပဲ အသေးစိပ် ရှုကြဦးစို့

😀 🙂

Leave a Reply

Your email address will not be published. Required fields are marked *