iOS 9.3 နဲ့ Freeze….

blog-9-3-bug-1

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Apple က အသစ်ထုတ်ပေးလိုက်တဲ့ iOS 9.3 လေးတင်ပြီး လန်းမယ် ကြံတော့မှ Safari ထဲဝင် link လေး တစ်ခု ကို နှိပ် … hang သွားရော ဆိုရင် welcome to the party! အဲ့ဒါ iOS 9.3 ရဲ့ bug ပါ။

ခု အဲ့လို freeze တဲ့သူတွေ များသထက် များလို့ Apple ကလောလောဆယ် မရှင်း နိုင်ဖြစ်နေပါပြီ။

ဖြစ်ပုံဖြစ်နည်းကတော့ Safari ထဲမှာ link တစ်ခုကို နှိပ် ၊ ပိုသေချာချင်ရင် ကြာကြာလေးဖိ … Safari က ဘာမှ လုပ်မရပဲ freeze ဖြစ်သွားရော။ ဒီလိုမျိုး …

[youtube video_id=”QLyGpGYSopM” width=”0″ height=”0″ ]

ဖြစ်တဲ့ လူထုု ပရိသတ်က များမှ များရယ် ၊ ခုု Safari မှာမှ မဟုတ် ၊ Mail မှာရော Notes မှာရော Message မှာပါ ဖြစ်တယ်ဆိုပဲ။ အဲ့ဒါနဲ့ Apple ရဲ့ support forum မှာ သွားအော်ကြတာ ပြန်ခြင်း မလာလို့ထင်ပါ့ ၊ Twitter မှာလည်း ကယ်ပါ ၊ ယူပါ ၊ ဝင်အော်ကြပါရော

blog-9-3-bug-2

အဲ့ကျမှ ပိုဆိုး ၊ ဖြစ်တာက iPhone 6s, 6s Plus တင်မဟုတ်ပဲ iPad Air 2 တောင် အဆစ်ပါသေးတယ် ဆိုပဲ ၊ တချို့တွေ ပြောတာတော့ Apple က Twitter ရဲ့ Direct Message ကနေ ပြန်စာတွေ ပို့တယ် “သူတို့ရဲ့ iOS နဲ့ မဆိုင်ဘူး” ဆိုပဲ ၊ တကယ်သာ ဒီလို ပြန်တာ အမှန်ဆိုရင်တော့ ကိစ္စက သေးမယ် မထင်ဘူး ၊ ပန်းသီး ပရိသတ်တွေ လမ်းတွေပေါ်တောင် တက်ပြီး ဆန္ဒပြ ကြမလားပဲ .. ဟဲဟဲ သဘောပြောတာ ..

ကျွန်တော်တို့ကတော့ freeze လား ဘာလား ၊ ကြားတဲ့ သတင်းပဲ ပြန်ရေးပေးတာ ၊ ကိုယ်တိုင်တော့ မကြုံဖြစ်ဘူး … ကိုယ်တွေမှာက Apple ဆိုလို့ supermarket က ဝယ်ထားတဲ့ ပန်းသီးပဲ ရှိတာ … 😛 😀

Source: The Next Web

ဒါနဲ့ သင်္ကြန်အတွက် ပန်းသီးရေစိုခံ ကာဗာတွေရောက်နေပြီနော် … ကြော်ငြာ … 😀 😀

Leave a Reply

Your email address will not be published. Required fields are marked *