Social network က တဆင့် မီးတွေလင်းမယ့် ဝတ်စုံ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဒီနှစ်မှာ Vogue က host လုပ်ပြီး ကျင်းပတဲ့ ….
Met Gala မှာ …
model Karolina Kurkova ဝတ်ဆင်ခဲ့တဲ့ …
အင်မတန် ထူးခြား ဆန်းပြားတဲ့ ဝတ်စုံ အကြောင်း ပြောပြချင်သေးတယ်ဗျ .. ( ပြောသာ ပြောရတာ ကိုယ်တွေကလည်း ဖက်ရှင်က ခပ်ကျကျ ဆိုတော့ Met Gala ရော Karolina Kurkova ရော ခုမှ ကြားဖူးတာ 😛 😀 )

NEW YORK, NY - MAY 02:  Karolina Kurkova attends the "Manus x Machina: Fashion In An Age Of Technology" Costume Institute Gala at Metropolitan Museum of Art on May 2, 2016 in New York City.  (Photo by Larry Busacca/Getty Images)
NEW YORK, NY – MAY 02: Karolina Kurkova attends the “Manus x Machina: Fashion In An Age Of Technology” Costume Institute Gala at Metropolitan Museum of Art on May 2, 2016 in New York City. (Photo by Larry Busacca/Getty Images)

ဒီဝတ်စုံမှာ LED ချိတ်ဆက်ထားတဲ့ ပန်းပွင့်ပေါင်း ၁၅၀ ပါပြီး ၊ ဒီ LED ပန်းပွင့်လေးတွေက joy, patience, excitement, encouragement, curiosity စတဲ့ ခံစားချက်တွေကို ကိုယ်စားပြုမှာပါ (Inside Out ရုပ်ရှင်တောင် သွားသတိရမိသေး )

လိုရင်းကို ပြောရရင် ဒီ မီးလုံးတွေက နောက်ကွယ်မှာ social network တွေကလာတဲ့ data feed တွေနဲ့ ချိတ်ဆက်ထားတယ် ၊ ဝတ်ထားတဲ့ အချိန်မှာ social network တွေမှာ #MetGala ၊ #CognitiveDress စတဲ့ tag တွေနဲ့ တက်လာတဲ့ tweet တွေကို အခြေခံပြီး ပျော်ရွင်စရာတွေ ပြောတာများလာပြီဆိုရင် LED ပန်းပွင့်လေးတွေက တောက်ပတဲ့ rose color ကို ပြောင်းသွားမယ် ၊ စိတ်လှုပ်ရှားစရာတွေ ပါလာပြီ ဆိုရင်တော့ aqua ရောင်ပြောင်းသွားမယ် စသဖြင့်ပေ့ါလေ …

blog-KK_FINAL-Red-Carpet-1-1024x809-2

LED ပန်းပွင့်လေးတင်ပဲလားဆိုတော့ ဟုတ်ဘူး ၊ ပိတ်စကပါ လိုက်ဖက်တဲ့ အရောင်ပြောင်းသွားမှာ ဆိုပဲ …

ကိုယ်ပေါ်က ပန်းပွင့်တွေ အရောင်ပြောင်းသွားလိုက် … “ဟ .. ငါ့ အကြောင်းများ ဘာတွေ အတင်း ဆော်ကုန်ပြီလဲ” ဆိုပြီး ဖုန်းထပွတ်ကြည့်ရနဲ့ … ဝတ်ထားတဲ့ အချိန်တော့ စိတ်က သိပ်ငြိမ်မယ် မထင်ဘူး ၊ ကြံဖန်စဉ်းစားတာ .. မတော်လို့ ဓာတ်ထလိုက်ရင်လည်း ဒုက္ခ မလား .. 😛 😀

Source: Wired

Leave a Reply

Your email address will not be published. Required fields are marked *