အလန်းစား Huawei Smartwatch

~~~ ယူနီကုဒ်နဲ့ဖတ်မယ်ဆို

Smartwatch က လန်းတော့လန်းတယ် ၊ ဒါပေမယ့် ဖက်ရှင်ကျတဲ့ မမ တွေ အတွက်တော့ လေးထောင့် အမဲတုံးလေးက သိပ်မနိမ့်ဘူး ဆိုရင် ဟောဒီမှာ Huawei လာပါပြီဗျာ … 😛 😀

blog-huawei-watch-jewel-front-ces2016-1

Huawei Smartwatch လေးကတော့ ပုံထဲမှာ တွေ့ရတဲ့ အတိုင်း ၊ rose gold-plated stainless steel, leather ကြိုး အပါးလေး .. ဘာဘာ ၊ ညာညာ စသဖြင့် အလှဆင်ထားတဲ့ smartwatch ပါ။

Jewel နဲ့ Elegant ဆိုပြီး ၂ မျိုးထုတ်ထားတာ ဖြစ်ပြီး ၊ ၂ မျိုးလုံးက ဆိုဒ်တူ ၄၄ မီလီမီတာ ဒိုင်ခွက် အဝိုင်းလေးပါ။ Elegant ကတော့ နာရီဒိုင်ခွက်ပတ်ပတ်လည် bezel အဝိုင်းလေးက ရိုးရိုး texture လေး နဲ့ ပေမယ့် ၊ Jewel က တော့ jewel လေးတွေနဲ့ ဆိုပါတော့ …

blog-hawei-watch-1

ဈေးကတော့ Elegant ကို 499$, Jewel ကို 599$ နဲ့ US မှာ စရောင်းနေပြီး ၊ တခြား နိုင်ငံတွေ အတွက် စဉ်းစား ထားသည် ၊ မစဉ်းစား ထားသည် .. မြန်မာနိုင်ငံမှာ ရောင်းချရန် အစီစဉ် ရှိ ၊ မရှိ ကိုတော့ မသိရကြောင်းပါဗျာ 🙂 😀

Source: Android Central

Leave a Reply

Your email address will not be published. Required fields are marked *