Lady တွေ အတွက် Huawei Watch အသစ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဗျို့ … ကျန်းမာ ၊ ပျော်ရွင်တဲ့ နှစ်သစ် ဖြစ်ပါစေလို့ အရင်ဆုံး နှုတ်ဆက် ပါရစေဦးဗျ။

Smartwatch တွေ ပတ်ရတာ ပဲ့တယ် ဆိုတဲ့ အမျိုးသမီးထုုကြီး အတွက် Huawei က အသစ်ဆိုမှ အသစ် smartwatch ၂ မျိုးကို လက်ရှိ ကျင်းပနေတဲ့ Consumer Electronics Show မှာ ချပြလိုက်ပြန်ပါပြီဗျာ။

blog-huawei-smartwatch-1

အခု နောက်ပိုင်း ရှယ်တွေ ချပြလာတဲ့ Huawei ရဲ့ smartwatch ၂ မျိုးက Elegant နဲ့ Jewel လို့ နာမည်ပေးထားပြီး Elegant အမျိျုးအစား အတွက် Swarovski နဲ့ partner လုပ်ထားတာပါ။ Jewel ကတော့ နာမည် အတိုင်း bling bling ပေါ့ဗျာ။ ဒီ smartwatch ၂ မျိုးလုံးက Android အပြင် iPhone နဲ့ပါ အလုပ်လုပ်မယ် ဆိုတော့ Android Phone ကြီးလည်း မကုုိင်ချင်ပါဘူး ဆိုတဲ့ Apple ပရိတ်သတ် အမျိုးသမီးများ အတွက်လည်း Apple Watch အပြင် နောက်ရွေးချယ်စရာ တစ်ခု ဖြစ်လာမယ် ယူဆ ရပါတယ်ခင်ဗျ။

blog-huawei-smartwatch-2

စျေးကိုလည်း Huawei က Apple Watch နဲ့ နင်လား ၊ ငါလား ၊ Elegant ကို $499 ၊ Jewel ကို $599 သတ်မှတ်ထားပြီး ၊ ရောင်းမယ့် အချိန်ကတော့ လောလောဆယ် မသိရသေးပါဘူး ခင်ဗျာ။

🙂 😀

Source: The Next Web, CNN Money

Leave a Reply

Your email address will not be published. Required fields are marked *