ဘာသဘောလဲ Huawei Honor 7i

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို…

အသစ်ထွက်မယ်ဆိုတဲ့ Huawei Honor 7i ရဲ့ ပုံက အွန်လိုင်းမှာ leak ဖြစ်လာ ပြန်ပါတယ် ခင်ဗျ။ တခြားဟာတော့ မသိပေမယ့် ၊ သူ့ကင်မရာက ပုံမှတွေ့ရသလိုပဲ အတော်ဆန်းတာ…

Oppo N3 ဖုန်းမှာ camera က rotate လုပ်ပေးတယ် ၊ အခု ဒီ Huawei Honor 7i မှာတော့ အနောက်က ကင်မရာကို တွန်းတင်ရမယ် သဘော ရှိနေတာဗျ၊ နော

ပုံတွေကတော့ အရှင်းကြီးထဲက မဟုတ်ပေမယ့် ၊ ထွက်လာတဲ့ နေရာက ကင်မရာလား ဒါမှ မဟုတ် dual-LED flash လိုပုံလည်း ဖြစ်နေတော့ ၊ သတင်းတွေ ထွက်ထားတဲ့ xenon Flash များ ဖြစ်မလား ၊ မပြောတတ်ဘူး ခင်ဗျ။

ကင်မရာဆိုရင် ဘာလို့များ အရှေ့ကနေ ဆန်းဆန်းပြားပြား အပေါ်ကို ရွေ့ထားပါလိမ့်… အဲ့လိုလုပ်လိုက်လို့များ selfie ရိုက်ရင် မျက်လုံးတွေ ဆွေစောင်း ဖြစ်နေတတ်တာတွေ ပြောင်းသွားမလား ဟဲဟဲ..

သတင်းတွေ အရဆိုရင်တော့ Honor 7i ဖုန်းကို သြဂုတ် ၂၀ မှ ချပြမယ်တဲ့။ ဖုုန်းကတော့ mid-range ဖုန်းဖြစ်ဖို့ များပါတယ်။

ဒီဖုန်းက 615 octa-core processor, 2 GB မဟုတ်ရင် 3 GB ဆိုတဲ့ သတင်းလည်း ရှိထားပါသေးတယ်ဗျာ။

🙂 😀

Source: Digital Trends

Leave a Reply

Your email address will not be published. Required fields are marked *