HTC One x9

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

တကယ်ပဲ x9 လို့ နာမည်ပေးဖြစ်မလား ၊ codename ပဲ ဖြစ်မလား ၊ မပြောတတ်ဘူး ခင်ဗျ။ Internet မှာတော့ HTC One x9 ဆိုတဲ့ ဒီ ကြော်ငြာ တစ်ခုု ပျံ့လာ တာပါ။

blog-htc-x9

ဒီဇိုင်းကတော့ စိုစိုပြေပြေနဲ့ မြို့ပြတိုက်တာတွေနဲ့ ရှိပေမယ့် Packed with city smarts ဆိုတဲ့ စာသားကတော့ အဓိပ္ဗါယ် ဖော်မရဘူးရယ်…

ပျံ့လာတဲ့ specification တွေအရ ဒီဖုန်းက 5 inch QHD (2560×1440) resolution, Qualcomm Snapdragon 820 ဒါမှမဟုတ် MediaTek Helio X20 processor, 4GB RAM, 23 MP rear camera, 4 MP UltraPixel front-facing camera, 64 GB ဒါမှမဟုတ် 128GB internal storage, 3500 mAh battery ဆိုပြီး သတင်းထွက်ထားတာပါ။

ပုံအရတော့ HTC ရဲ့ ရှေးမူအတိုင်း BoomSound front-facing speaker ပါမယ် မှန်းရတယ်ခင်ဗျ။ စိတ်ဝင်စားတဲ့ သူတွေကတော့ HTC က M8, M9 စသဖြင့် M လိုင်းကို အနားပေးပြီး ၊ နာမည် အသစ်နဲ့ စျေးကွက်ထဲ ဝင်ဖို့ စိုင်းပြင်းနေတယ် ၊ ဒီ x9 ကလည်း M လိုင်းရဲ့ မျိုးဆက်သစ် အနေနဲ့ ထွက်မယ် စသဖြင့် ပြောလို့ ၊ ဆိုလို့ ၊ တွေးလို့ ၊ တောလို့ ရှိကြောင်းပါ။

ဒီထက် ထပ်သိရရင်လည်း ထပ်ပြီး အသိပေးပါဦးမယ်ဗျား …

🙂 😀

Source: AndroidAuthority

Leave a Reply

Your email address will not be published. Required fields are marked *