HTC One X9 တဲ့

blog-HTC-One-X9-6-0

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

သူများတွေတော့ မသိဘူး ၊ ကျွန်တော်တို့တော့ ဒီ HTC နဲ့ ရူးချင်ချင်…

အခုထွက်လာတဲ့ သတင်းနဲ့ ပုံတွေက HTC One X9 ပါတဲ့ဗျာ။ M8, M9, A9 ခု X9

blog-HTC-One-X9-6-1

Online မှာ leak ဖြစ်လာတဲ့ specification တွေက 5.5 inch 1080p display ၊ 3,000mAh battery ၊ 16GB internal storage ကို 2GB RAM နဲ့ တစ်မျိုး ၊ 32GB internal storage ကို 3GB RAM နဲ့ က တစ်မျိုး ၂ မျိုးထွက်မယ်လို့ သတင်းထွက်ထားသလို ၊ microSD card slot လည်း ပါပါမယ်တဲ့ ခင်ဗျာ။

blog-HTC-One-X9-2-1

Octa-core MediaTek Helio X10 ကို 2.2GHz ၊ PowerVR G6200 GPU တဲ့ (သိပ်တော့ နားမလည်ပေါင် ၊ သတင်းအတိုင်း သာ ပြန်ကူးပေးတာ) နောက်ကင်မရာက 13 megapixel ကို optical image stabilization နဲ့ ၊ ရှေ့က 5 megapixel camera.

blog-HTC-One-X9-4-1

အရှေ့ကို လှည့်ထားတဲ့ dual BoomSound speaker ကို ဒီဖုန်းမှာ တွေ့ရမယ် ၊ ကင်မရာက RAW ရိုက်လို့ရသလိုု 4K video လည်း ရိုက်လို့ ရပါမယ်တဲ့ဗျာ။

အော်… စျေးက ဒေါ်လာ ၃၀၀ ဝန်းကျင် လို့ လောလောဆယ် သတင်းထွက်ထား ကြောင်းပါ 🙂 😀

blog-HTC-One-X9-3-1

Source: Android Authority

Leave a Reply

Your email address will not be published. Required fields are marked *