HTC Aero တဲ့

blog-htc-aero

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

ဟုတ်ဘူး ၊ iPhone ဟုတ်ဘူးဗျ။ ဒါ HTC က ထုတ်မယ့် ဖုန်း အသစ်တွေ ၊ တကယ်ပါဆို… ၊ ရော… ခက်ပြီ ၊ ကြည့် HTC logo နဲ့ တွေ့တယ် ဟုတ်။

ဟီး.. စတာနော် ၊ HTC fan တွေ စိတ်မဆိုးပါနဲ့ ။ ဒီ ဖုန်းတွေကတော့ HTC က Aero လုုိ့ နာမည်ပေးနိုင်ချေရှိတဲ့ ဖုန်းတွေပါ။ စက်တင်ဘာ ၂၉ ရက်နေ့မှာ ချပြမယ့် ဖုနး်အသစ်တွေထဲမှာ ပါလာ နိုင်ချေ ရှိတဲ့ ဖုန်းတွေလို့ ဆိုမယ်ဆိုလည်း ဆိုပါစို့ ။

ဒီဖုန်းတွေက တန်ဖိုး အသင့်အတင့် ရှိတဲ့ mid-range ဖုန်းတွေ ဖြစ်ဖို့ များတယ် ခင်ဗျ။ ပုံနဲ့ အတူ ထွက်ထားတဲ့ specification တွေ အရ screen က 5 inch full HD AMOLED display, 2 GB RAM, 16 GB internal storage ကိုမှ microSD card slot ပါမယ် ၊ fingerprint sensor နဲ့ အတူ ကင်မရာက 13 MP ကို optical image stabilization, battery က 2150mAh လို့ သတင်းထွက်ထားတာပါ။

စျေးတို့ ဘာတို့ ၊ သေသေခာျခာျ ကတော့ တကယ်လို့ ၂၉ ရက်နေ့ ပွဲမှာ ပြဖြစ်ရင် သိရမှာဗျ။ (ဒါကတော့ ကျွန်တော် ပြောမှာလား…)
တကယ်ထွက်လာတဲ့ အခါ Android OS အသစ် Mashmallow တင်လာမယ်လို့လည်း မှန်းရတာပါပဲလေ။

ဒါနဲ့ ဖုန်းကို သေချာကြည့်တော့လည်း နောက်ဖက်မှာ အင်တင်နာတန်းလေး ၂ ခုနဲ့ ပဲ ၊ ကင်မရာက အလည်ကို ရွေ့ထားတာရယ် ၊ ပန်းသီးလေး မရှိတာရယ်ပဲ ကွာတယ်…

ဟီးးးးး 😛 😀

Source: 9 to 5 Google

Leave a Reply

Your email address will not be published. Required fields are marked *