How to Choose Sleeping Bags for Camping

Outdoor မှာ သာယာပျော်ရွှင်စရာ ကောင်းတဲ့ အချိန်လေး ဖြစ်ဖို့ အိပ်ကောင်းခြင်းနဲ့ အိပ်ရဖို့က အရေးအကြီးဆုံး ဖြစ်လိမ့်မယ် ထင်တယ်ဗျ။ ဒီတော့ အိပ်ကောင်းခြင်းနဲ့ အိပ်ရဖို့ အရေးကြီးဆုံး sleeping bag ကို ဘယ်လို ရွေးချယ်ကြမလဲ။ ကျွန်တော်တို့ တူတူ လေ့လာကြည့်လိုက်ရအောင်ဗျာ။

Sleeping Bag Temperature Ratings

Sleeping bag တိုင်းလိုလိုက ပူလာရင် unzip လုပ်လို့ရတာမို့ ကိုယ်သွားမယ့် နေရာမှာ ညဖက်ကျရင် တကယ်ရှိလာမယ့် အပူချိန်ထက် နည်းနည်းလေး နိမ့်တဲ့ အပူချိန် သတ်မှတ်ချက်ပါတဲ့ sleeping bag ကို ဝယ်တာက safe side ထဲ ပိုပြီး ဝင်လိမ့်မယ်ဗျ။ ပူလာရင် unzip လုပ်ပြီး ၊ နောက်ဆုံးအဆင့် သိပ်ပူလာရင် sleeping bag ကို ဖွင့်ထုတ်ပြီး ဖြစ်ဖြစ် ၊ sleeping bag ပေါ်ဖြစ်ဖြစ် တက်အိပ်လို့ ရပေမယ့် ၊ ထင်တာထက်ပိုအေးလာရင် အခက်မတွေ့အောင် ဒီလို ပြင်ဆင်ထားတာကလဲ right move တစ်ခုပါ။

Sleeping bag ပေါ်မှာ ရေးထားတဲ့ temperature သတ်မှတ်ချက်တွေက sleeping bag ၁ ခုနဲ့ ၁ ခု နှိုင်းယှဉ်ဖို့အတွက် အဆင်ပြေမေယ့် တကယ်တိုင်း အိပ်တဲ့အခါ ဘယ်လောက်ထိ နွေးလဲ ဆိုတဲ့ နေရာမှာတော့ အောက်ကခံတဲ့ sleeping pad ၊ အိပ်တဲ့အချိန်ဝတ်ထားတဲ့ အဝတ်အစား ၊ humidity ၊ တိုက်နေတဲ့လေ ၊ ဒါတွေအပြင် ခန္ဓာကိုယ်ရဲ့ metabolism ကိုလဲ ထည့်သွင်း စဉ်းစားရမှာမို့ sleeping bag ပေါ်မှာ ရေးထားတဲ့ အတိုင်း နွေးထွေးမှာ မဟုတ်ဘူး ဆိုတာတော့ ထည့်ပြီး စဉ်းစားရမှာဗျ။

Sleeping Bag Shapes

နောက်တစ်ခုက sleeping bag ရဲ့ ပုံစံပေါ်လိုက်ပြီး ရွေးချယ်စရာတွေလဲ ရှိတယ်ဗျ။

အားလုံးထဲမှာ လူကြိုက်များတာကတော့ rectangular ပုံစံပါ။ သူက အိပ်ရတာ တခြားပုံစံတွေထက် နေရာနည်းနည်း ကျယ်တယ်။ ခြေဆန့် လက်ဆန့် လုပ်လို့ ရတယ်။ စတဲ့ အားသာချက်တွေ ရှိပါတယ်။

Semirectangular ကိုတော့ “modified mummy” ဒါမှမဟုတ် “barrel”လို့လဲ ခေါ်ကြပါတယ်။ သူကတော့ နွေးတဲ့ဖက်လဲ အသင့်အတင့် ရှိမယ် ၊ လွတ်လွတ်လပ်လပ် အိပ်ရမယ့်အပိုင်းလဲ အနည်းအကျဉ်းရှိမယ်။ ဒီအချက်တွေ ကို ပိုင်ဆိုင်ထားပါတယ်။

Mummy ကတော့ နွေးတဲဖက်ကို လုံးဝ အသားပေးထားတယ်။ အိပ်နေရင်း ဟိုဖက်ဒီဖက် လှိမ့်ဖို့ ကြံရင်တော့ rectangular လိုမျိုး အတွင်းမှာ လှိမ့်လို့မရပဲ ၊ sleeping bag လိုက်ကို လှိမ့်မှ ဖြစ်မှာပါ။ (ဒါမှ ပိုးတုံးလုံး အစစ် … ဟက်ဟက် …)

Double Bag ကတော့ စုံတွဲလေး အိပ်မှ နွေးမယ်ဆိုတဲ့သူတွေ အတွက်ပေါ့။ ဒီလို့ sleeping bag လိုက်ကြီး ၂ ယောက်တွဲ ရှိသလို ၊ တချို့ကလဲ sleeping bag ၂ လုံး ကို right-hand zip ၊ left-hand zip တွဲပြီး ၂ ယောက်အိပ်ဖြစ်အောင်လဲ လုပ်လို့ ရပါတယ်ဗျာ။

Sleeping Bag Insulation

နောက်တစ်ခုက အတွင်းက insulation ပါ။

Synthetic Insulation နဲ့ Down Insulation ၂ မျိုးရှိတဲ့ ထဲမှာ သူ့နေရာနဲ့သူ အားသာချက်တွေရှိပါတယ်။

Synthetic Insulation က ဈေးသက်သာတယ် ၊ အနည်းအကျဉ်းရေစိုသွားရင်တောင် နွေးအောင်လုပ်ပေးနိုင်တယ် ၊ အြခောက်မြန်တယ် ၊ allergic ဖြစ်တာနည်းတယ်။

Down Insulation ကတော့ ပေါ့တယ် ၊ အအေးခံနိုင်ရည် ပိုပေးနိုင်တယ် ၊ ရေမစိုအောင် သူ့ကို water-resistant treatment လုပ်ပေးဖို့လိုအပ်တယ်။ Pack လုပ်ရာမှာ ပိုပြီး ကျစ်ကျစ်လစ်လစ် ဖြစ်အောင် လိပ်လို့ရတယ်။ နှစ်တော်တော်ကြာတဲ့အထိ နွေးထွေးမှုပိုင်းမှာ စွမ်းဆောင်ရည် မကျပဲထိန်းပေးထားနိုင်တယ် စတဲ့ အားသာချက်တွေ ရှိပါတယ်။

တစ်ဖက်မှာတော့ down insulation ရဖို့ စတေးရတဲ့ ဘဲ နဲ့ ဘဲငန်း အရေအတွက် ကျဆင်းမှုမှာ စိုးရိမ်စရာ ရှိတာကြောင့် down insulation sleeping bag ကို ဝယ်မယ်ဆိုရင် RDS (Responsible Down Standard) ဒါမှမဟုတ် TDS (global Traceable Down Standard) စတဲ့ label ပါတဲ့ sleeping bag ကို ရွေးချယ်သင့်ပါတယ်။ ဒီ ဘဲ ၊ ဘဲငန်း အရေးနဲ့ ပတ်သက်လို့ သေချာသိချင်ရင်တော့ Animal Welfare and Outdoor Gear ဘာညာ keyword နဲ့ Google လုပ်ကြည့်လို့ ရပါတယ်ဗျာ။

Additional Sleeping Bag Features

Sleeping bag shell: Sleeping bag ရဲ့ ပြင်ပ outer fabric က များသောအားဖြင့် အကြမ်းခံတဲ့ polyester ဒါမှမဟုတ် nylon နဲ့ လုပ်ထားတာ များပြီး ဒီ material တွေက durable water repellent (DWR) သုံးပေးထားပြီးသားမို့ အတွင်းက insulation ကိုရေမစိုအောင်ကာကွယ်ပေးနိုင်ပါတယ်။

Sleeping bag hood: Sleeping bag မှာ ခေါင်းစွပ်ဖို့ hood လေးပါတယ်ဆိုရင်တော့ ပိုပြီးနွေးတာမို့ လိုအပ်ရင်တော့ hood ပါတာလေးကို ရွေးသင့်ပါတယ်ဗျာ။

Zipper features: တချို့ sleeping bag တွေမှာ zipper slider တစ်ခုထက်မက ရှိတာကြောင့် ဟိုဖက်ဒီဖက် ဖွင့်ချင်တယ်ဆိုရင်လဲ ဒီ အချက်လေးကို ထည့်ပြီး စဉ်းစားသင့်ပါတယ်ဗျာ။

Stash pocket: sleeping bag မှာ အိပ်ကပ်ပါတာလဲ ရှိတတ်ပြီး ၊ ကောင်းကျိုးနေအနဲ့ ဘာညာ ပိစိကွစ ထည့်လို့ရပေမယ့် ၊ အိပ်တဲ့အခါ ခုလုခုလု ဖြစ်နေတာမို့ ဒီ feature ကတော့ တွေ့ရနည်းပါတယ်။

Sleeping Bag Accessories

Stuff sack: Sleeping bag ဝယ်တဲ့အခါ sleeping bag ကို pack လုပ်ရင် အရွယ်အစားသေးအောင်လုပ်ပေးမယ့် stuff sack မပါရင်တော့ ဟိုသွား ဒီသွား အဆင်ပြေအောင် stuff sack တော့ ဝယ်ထားသင့်တယ်ဗျ။

Storage sack: Sleeping bag ကို မသုံးတဲ့အချိန် stuff sack မှာပဲ ရေရှည်သိမ်းရင် insulation တွေ တစ်နေရာထဲမှာ ခေါက်ပြီး နေရာကွက်ကျား အအေးမလုံတဲ့ ပြဿနာ ရှိလို့ မသုံးတဲ့အချိန် လွတ်လွတ်လပ်လပ် ဖြစ်မယ့် အိတ်ကြီးကြီး ဒါမှမဟုတ် mesh တွေနဲ့ ရှိတဲ့ storage sack ဝယ်လို့ရပေမယ့် ပိုက်ဆံကုန်ပါတယ်။ ဒီတိုင်း ပွပွလေး ခေါက်ပြီး သိမ်းချင်ရင် သိမ်း ၊ အဲ့လို မဟုတ်လို အိတ်နဲ့မှ သိမ်းချင်တယ် ဆိုရင်လဲ ပွပွလေးခေါက်ပြီး ခေါင်းအုံးစွပ် ထဲထည့်ထားလဲ ရပါတယ်ဗျာ။ (ငွေခြွေတာနည်း…. ဟက်ဟက်)

Sleeping bag liner: Sleeping bag ထဲ ဝင်အိပ်ရတာ ပိုပြီး သန့်သန့်ရှင်းရှင်း အိပ်ချင်တယ်ဆိုရင်လဲ အဝတ်ပါးနဲ့ လုပ်ထားတဲ့ sleeping bag liner ကို sleeping bag ထဲ ထည့်ပြီး ၂ ထပ် အိပ်လို့လဲ ရပါတယ်။

ဒါပေမယ့်လဲ outdoor သွားတာပဲနော …. ခပ်ညစ်ပတ်ပတ်ပေါ့ …. 😀

Acknowledgment: ဒီ post ကို REI.com ရဲ့ How to Choose Sleeping Bags for Camping ကို မှီငြမ်းရေးသားထားတာဖြစ်ပါတယ်ဗျာ။

Recommendations for you