S6 Edge နှင့် သူ၏ ယိုပေါက်ကြီးများ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ပန်းသီးချည်းပဲ လှည်လှည့်ဆော်တယ် ပြောလို့ ဒီ တစ်ခေါက်တော့ စက်ရုပ်အလှည့် …

အင်မတန်မှ ကျွမ်းကျင်ပြီး ကောင်းရာမွန်ရာဆောင်ရွက်တဲ့ hacker တွေ လက်ထဲ S6 Edge လေး ထည့်ပေးလိုက်တော့ ဘာဖြစ်တယ် မှတ်တုန်းဗျ … Samsung ခမျာ ပြာပြာသလဲ security update တွေ ထုတ်ပေးရတဲ့ အဖြစ်ကိုရောက်ရော..

Google ရဲ့ စူပါကျွမ်းကျင် security researcher တွေနဲ့ ဖွဲ့စည်းပေးထားတဲ့ Project Zero ဟာ Samsung Galaxy S6 Edge ကို ၁ ပတ်ကြာ မွှေနှောက်ပြီးတဲ့ နောက်မှာ ဓာတ်ပုံတွေ ၊ message တွေကို ဝင်ရောက် ရယူ နိုင်တဲ့ ၊ ပေးထားတဲ့ permission ကိုကျော်လွန် ပြီး ဖျက်လို့ ဖျက်စီး file ကို အဝေးက လှမ်းရေး နိုင်တဲ့ ၊ နောက်ဆုံး အဆင့်… အသုံးပြုသူက သံသယ ရှိလို့ ဖုန်းကို လုံးဝ wipe လုပ်ပြီးသည့်တိုင် unauthorized code ကို ကျန်ခဲ့အောင် လုပ်နိုင်တဲ့ ၊ အဆိုး တကာ့ ထက် ဆိုးရွားလှပါတယ် ဆိုတဲ့ ယိုပေါက်ကြီး ၁၁ ခုကို ရှာဖွေ တွေ့ပါသတဲ့ ခင်ဗျ။

blog-s6-edge-flaws-1

Google က ဒီ ကိစ္စကို Samsung ဆီ အသိပေးပြီးတဲ့ နောက် Samsung က ချက်ချင်းဆိုသလိုပဲ အဆိုးဆုံး ယိုပေါက် ၈ ခုကိုု ဖာထေးထားတဲ့ security update ကို S6 Edge user တွေ အတွက် ထုတ်ပေးခဲ့ပြီး ၊ အရမ်းမဆိုးဝါးတဲ့ ၃ ခု အတွက်တော့ ဒီလထဲမှာ ထုတ်ပေးမယ်လို့ ပြောလာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အကောင်းမြင်သူနဲ့ အဆိုးမြင်သူကလည်း ရှိပြန်သဗျ။ ဒီလောက် အချိန်တိုတိုလေးမှာတောင် ၁၁ ခုကြီးများတောင် ၊ ၁၁ မှာတောင် အတော်ကို ဆိုုးရွားတာက ၈ ခု ကို ရှာနိုင်တယ်ဆိုရင် ဒီထက် အချိန်ပေးလိုက်ရင် ဒီထက် ဆိုးရွားတာတွေတောင် ထွက်လာဦးမလားပဲလို့ ပြောကြတဲ့ အဖွဲ့ က တစ်ဖက် ၊ ဒီလောက် အချိန် တိုတို လေး အတွင်းမှာ ယိုပေါက် ၈ ခုကို ဖာထေးထားတဲ့ security update ကို ထုတ်ပေးနိုင်တာ Samsung သိပ်တော်တာပဲလို့ ပြောထားသူများက တစ်ဖက်။ လောက နိယာမ များ အတိုင်း ဖြစ်ပျက်လျက် ရှိကြောင်းပါ..

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ၊ အကယ်၍များ S6 Edge ကိုင်တယ် ၊ security update ထွက်တယ် ဆိုရင် wifi မရသေးသည့်တိုင် bill လေး မနမြောပဲ data fee လေးနဲ့ update လေးလုပ်ထားရင် ပိုစိတ်ချရမယ်လို့ ဗျာ… နော်။

😀 🙂

Source: CNet Update, Telegraph, Mashable

Leave a Reply

Your email address will not be published. Required fields are marked *