ဒါနဲ့ ပစ္စည်းဝေတော့မှာ

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

အထင်မကြီးပါနဲ့လေ ၊ Myanmar Lifestyle က ဝေမှာ မဟုတ်ပါဘူး။ အနောက်ကမ္ဘာက Google ပါ။

ပုံထဲက drone က တော့ Google က စမ်းသပ်နေတဲ့ Project Wing ဆိုတဲ့ စီမံကိန်းမှာ စမ်းသပ်နေတဲ့ drone ပါ။ ၂၀၁၇ ကျရင် ကျွန်တော်တို့လို online store တွေ ၊ အခြား အခြားသော ပစ္စည်းပို့ဖို့ လိုအပ်တဲ့ ကျန်းမာရေး ၊ လူမှုရေး ကိစ္စတွေမှာ ဒီလို drone တွေနဲ့ ပေးပို့ ဆောင်ရွက် နိုင်ဖို့ Google ကတော့ အနောက်ကမ္ဘာ ၊ သူတို့ ဆိုင်ရာ ပိုုင်ရာ လေကြောင်း စီမံခန့်ခွဲရေး ဘာညာတွေကို ခွင့်ပြုချက်တောင်းထား ပြီလို့ မနက်က သတင်းမှာ ဖတ်ရပါတယ်ဗျာ။

ဒီ unmanned drone တွေက အမြင့်ပေ ၅၀၀ အောက်မှာ ပျံသန်းမှာ ဖြစ်ပြီး ဒီ drone delivery ကိစ္စကို အထူးသဖြင့် Google နဲ့ Amazon က စိတ်အားထက်သံ နေကြတာပါ။

အဓိကပြသနာက ဒီ drone တွေ ရာနဲ့ ချီပြီး ပျံသန်းနေမယ့် လေထုကြီးက နေပျော်စရာကြီး ဖြစ်ဦးမလား ဆိုတာရယ် ၊ ဒီ unmanned drone တွေနဲ့ manned aircraft တွေ ပူးပေါင်း control လုပ်နိုင်မယ့် control center တွေလည်း လိုအပ်နေတာရယ် ကြောင့်ပါ။

ကျွန်တော်တို့ကတော့ old school ပဲ ပြောပြော ၊ အိမ်နား လာဝဲရင်တော့ privacy ထိခိုက်တယ် ဆိုပြီး လေးဂွနဲ့ ပစ်ချမှာ 😛 😀

Source: Guardian

Leave a Reply

Your email address will not be published. Required fields are marked *