Note 5 ထွက်ပါပြီဗျာ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Note 5 ရယ် S6 Edge+ ရယ် သတင်းတွေ အတော်ထွက် ၊ ကျွန်တော်တို့လည်း ထွက်သမျှ ပုံတွေ သတင်းတွေ လျှောက်တင် ၊ အခုတော့ Samsung က ပြောထားတဲ့ August 13 Unpacked Event မှာ အားလုံး အဖြေသိပြီးသား Note 5 နဲ့ S6 Edge+ ကို အမှန်တကယ်ကြီးကို ချပြသွားပါပြီဗျာ။ စောင့်နေရတာတော့ အတော်ကြာပေမယ့် ပွဲကတော့ ၁ နာရီ ဝန်းကျင်ပဲ ကြာသွားတယ် ခင်ဗျ။ Note 4 တုန်းကလား ၊ ကျွန်တော် မေ့နေပြီ ၊ အဲ့ဒီတုန်းကဆို ဇာတ်ကောင်တွေ ၊ သီချင်းတွေ နဲ့ ချပြသွားပြန်တော့ လူတွေက နည်းပညာ ပွဲနဲ့ မတူပဲ Broadway မှာ ပွဲလျှောက်ကြည့်ရသလိုပဲလို့ လှောင်ကြတာကိုး … ၊ အခုတော့ ဘယ်နယ်ရှိစ ??

blog-galaxy-note5-3

ပုံတွေတွေကတော့ ဟိုနေ့က leak ဖြစ်လာတဲ့ ပုံတွေ အတိုင်းပါပဲ ၊ လက်ရှိ S6 အတိုင်းကို ပဲ အကြီးဆိုဒ် လို့ ပြောလည်း ရနိုင်မယ့် သဘော ရှိပါတယ်။ Metal နဲ့ glass ပေါင်းစပ် တည်ဆောက်ထားတာ ဖြစ်ပြီး (အခြားသူတော့ မသိပေမယ့် ၊ ကျွန်တော်ကတော့ ကြိုက်တဲ့) ဘက်ထရီ ဖြုတ်မရ ၊ SD card slot မပါတဲ့ ဒီဇိုင်းပါ။ ဒီလို battery ကို non-removable ဖြစ်သွားတာကြောင့် Note series က အရင် Note series တွေနဲ့ မတူတော့ပဲ S6 လိုပဲ ပါးသွားပြီး ကိုင်ရတာလည်း ပို solid ဖြစ်သွားတယ်လို့ ကိုယ်တိုင် သွားကိုင်ကြည့်ခွင့် ရတဲ့ tech reviewer က ပြောပါတယ်ဗျာ။

blog-galaxy-note5-2

Note series မှာ ပါတဲ့ S-Pen ကတော့ အရင့်အရင်လို လက်သည်းကို သုံးပြီး ဆွဲထုတ်ရတာမျိုး မဟုတ်တော့ပဲ click in, click out မို့ ပိုပြီး အဆင်ပြေလာမယ့် သဘော ရှိတဲ့ အပြင် ၊ အဲ့ဒီ S-Pen ကို ဆွဲထုတ်ပြီး တာနဲ့ ဘာ app မှ ဖွင့်စရာ မလို ၊ screen လည်း ဖွင့်စရာမလိုပဲ တန်းပြီး note မှတ်န်ိုင်တော့မှာပါ။ ဒီ function ကြောင့် ဖုန်းလည်း ဘက်ထရီစား သက်သာစေနိုင်မယ့် အပြင် အခုမှ တကယ့် Notepad နဲ့ တူသွားသလို ရှိပါတယ်။

blog-galaxy-note5-11

ဘက်ထရီဆိုလို့ 3000mAh ပါ။ ဒါလည်း S6 လို ခဏလေးနဲ့ ကုန်တဲ့ အမျိုး ဟုတ် ၊ မဟုတ် ကတော့ သိချင်တဲ့ သူ တော်တော် များသား ၊ S6 ကတော့ အကုန်မြန်ပေမယ့် ၊ အား ပြန်သွင်းတာလည်း မြန်လို့ ရှိစေတော့ ..

အားသွင်းတာကတော့ Note 5 နဲ့ S6 Edge+ က wireless charging နဲ့ ၂ နာရီမှာ အား အပြည့်သွင်းနိုင်မယ်လို့ ကြေငြာသွားပါတယ်။

blog-galaxy-note5-6

အော် ၊ ဒါလည်း ပြောပြ ရဦးမယ်ဗျ။ Celebrity ပဲ ဖြစ်ဖြစ် ၊ blogger ပဲ ဖြစ်ဖြစ် ၊ social star ပဲ ဖြစ်ဖြစ် ၊ YouTube မှာ Live streaming လုပ်နိုင်မယ့် အခွင့်အရေးလည်း Note 5 နဲ့ S6 Edge+ user တွေမှာ ရှိသေးတယ်ဗျ။ ကင်မရာ app ကို ဖွင့် ၊ live broadcasting ဆိုတာကို ရွေးရင် …. ဒါ..ဒါ ၊ YouTube မှာ တန်းပြီး ကိုယ့် fan တွေက live stream ကြည့်လုုိ့ ရပြီ ၊ ဘယ်လောက် ကောင်းလိုက်လဲ ၊ ကြိုက်သလောက် stream… ကျသလောက် 3G bill ဖိုးလေးတွေသာ ရှင်း… အဲ့လို 😛 😀

blog-galaxy-note5-7

ဒါနဲ့ နေပါဦးဗျ။ ဒါကြီးက ဘာကြီးတုန်း

blog-galaxy-note5-8

အဲ့ဒါကြီးကို ကျွန်တော် ဟို တစ်ရက်က အွန်လိုင်းမှာတွေ့တယ် ၊ စနေတယ် အောက်မေ့လို့ သတင်းတောင် မပေးမိဘူး။ ဒါပေမယ့် အဲ့ဒါကြီးက တကယ်တဲ့ဗျ။ Note 5, S6 Edge+ အပြင် လက်ရှိ S6 တို့မှာလည်း တပ်သုံးလို့ ရမယ့် ဒေါ်လာ ၈၀ တန် keyboard cover ပါတဲ့ဗျာ။ (နောက်မှ အသေးစိပ် အဲ့ဒီ cover အကြောင်း သပ်သပ် သတင်း ပေးဦးမယ် ခင်ဗျ) ဘာ bluetooth မှ မပါဘူး ၊ ဒီတိုင်း တပ်ပြီး ရိုက်ရုံ ပါပဲ။ အရင်က Blackberry ဖုန်း ချစ်သူတွေ ပြန်အောင့်မေ့ဖွယ် သဘောပေါ့ဗျာ။

Edge+, Edge+. အဲ့ဒီ Edge+ ကတော့ လက်ရှိ S6 Edge ကိုပဲ ကြီးသွားတဲ့ သဘောပါ။ ဒါပေမယ့် Edge+ မှာ app circle လေးတွေ ပါလာတယ်ဗျ။ Edge မှာတုုန်းက contact တွေပဲ ပြပေးပြီး အခု Edge+ ကတော့ app တွေကို shortcut သဘောနဲ့ ပြပေးနိုင်သလို ၊ phone ကို lock လုပ်ထားရင်တော့ Edge မှာ news တွေ tick ပြပေးတာ ကြည့်လို့ ရမယ်လို့ ပြောပါတယ်။ CNN တို့ ဘာညာတို့ သတင်းဌာနတွေနဲ့ ချိတ်မယ် ပြောပါတယ်ဗျ။ နောက်ပိုင်းတော့ developer တွေ အတွက် လိုတာတွေ ထုတ်ပေးမယ် လို့လည်း ပြောတော့ ၊ ပြည်တွင်း သတင်းဌာနတွေလည်း Edge+ အတွက် news tick တွေ ထုုတ်ပေး နိုင်မလား မပြောတတ်ဘူး ခင်ဗျ။

blog-galaxy-note5-9

Specification တွေကတော့ အခြားမှာလည်း လွယ်လွယ် သိနိုင်လို့ မရေးတော့ ပါဘူး ခင်ဗျ။ စျေးကတော့ ဒေါ်လာ ရ၄၀ ဆိုလား ကြားပါတယ်။ သြဂုတ် ၂၁ ကျရင် နိုင်ငံခြားမှာတော့ စရောင်းမယ် ပြောပါတယ်ဗျာ။

အော် … နာရီ ၊ နာရီကို မေ့တော့မလို့ ။ Gear S2 တဲ့ ၊ ဒါကတော့ မနေ့ညက ပွဲမှာ အမြည်းပြသွားတာ ၊ ရှေ့လမှ အတိအလင်း ပြောမယ် ပြောပါတယ်။ သူကတော့ Google ရဲ့ Android Wear တင်တားထားမဟုတ်ပဲ Samsung ရဲ့ ကိုယ်ပိုင် Tizen OS နဲ့ မို့ Samsung ဖုန်းတွေနဲ့ ပိုပြီး ပနံသင့် (စာလုံးပေါင်းမှားရင် သည်းခံပါဗျာ) မယ့် သဘော ရှိပါတယ်။ ပုံထဲမှာ မြင်တဲ့ အတိုင်း အဝိုင်းထဲမှာ အဝိုင်းလေးတွေဗျ။ ဘူနဲ့ တူလည်းတော့ မသိပါဘူးလေ

🙂 😀

blog-galaxy-note5-10

Source: Samsung, The Next Web, Engadget, Android Authority, You Tube, GSMArena

blog-ad-banner-rk-vent-holder

Leave a Reply

Your email address will not be published. Required fields are marked *