Facebook M

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

နောက်ဆိုရင် Facebook Messenger မှာ ဒီလို M လေးကို တွေ့ဖို့ ရှိတယ်ဗျ။ သူက Apple ရဲ့ Siri လို ၊ Microsoft ရဲ့ Cotana လို ၊ Google ရဲ့ Google Now လို အလုပ်လုပ်ပေးမယ့် Facebook M ပါ။

သိလိုရာမေး သဘောပေါ့။ Facebook က ပြောတာကတော့ သူတို့ရဲ့ M က ပြိုင်ဖက်တွေထက် ပိုသာပါတယ်တဲ့ ၊ ဘာလို့ ဆိုတော့ ပြိုင်ဖက်တွေက Artificial Intelligence ကိုသာ အဓိကအားထား နေတဲ့ အချိန်မှာ Facebook M ကတော့ လိုအပ်ရင် လူကိုယ်တိုင် ပြန်ဖြေပေးမှာပါတဲ့ ၊ သို့ပေးသော်ငြား ပြန်ဖြေတဲ့သူဟာ AI လား ၊ လူ လား မသိနိုင်ပါဘူးတဲ့ ခင်ဗျ။ နောက် သူတို့ရဲ့ M က အခြား personal assistant တွေလို အထီး ၊ အမ မရှိဘူး ခင်ဗျ။ M has no gender တဲ့ ၊ Facebook က ပြောတာ။

ဒီနားမှာ ဘာစားဖို့ ရှိလဲ ၊ ချစ်ချစ်နဲ့ စနေနေ့ သွားဖို့ နေရာ ဘယ်နေရာ ကောင်းမလဲ ၊ ရုပ်ရှင်လက်မှတ်ရော ကျန်ဦးမလား ၊ ကလေး အတွက် မွေးနေ့လက်ဆောင် ဘာကောင်းမလဲ စသဖြင့် မေးလို့ ရမယ်လို့ ပြောပေမယ့် ၊ မြန်မာပြည်ကို ခွင့်ပြုပေးတဲ့ အခါမှာတော့ ထင်တိုင်း မပေါက်တဲ့ ကန့်သတ်ချက်တွေ ရှိနေဦးမှာပါ။

လောလောဆယ်တော့ Facebook က ရွေးချယ်ထားတဲ့ သူတွေ နဲ့ စမ်းသပ်နေပြီး ၊ အိုကေ ဆိုရင် အပြင်လူတွေ အားလုံးကို ဖွင့်ပေးသွားဖို့ ရှိပါတယ်။

အော်… M ကို မေးတဲ့ မေးခွန်းတွေအတွက် AI နဲ့ အတူ ပြန်ဖြေမယ့် လူတပ်ဖွဲ့ ကိုတော့ M trainers လို့ လောလောဆယ် nick name ပေးထားတယ် ဆိုပဲ…

🙂 😀

Source: Facebook

Leave a Reply

Your email address will not be published. Required fields are marked *