Note 5 ထက် ပိုပါးမယ့် BlackBerry အသစ်

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

BlackBerry က ခေါင်းမဖော်နိုင်တာ အတော်ကြာပြီကော… ၂၀၀၀ ခုနှစ် ဝန်းကျင်ကဆို BlackBerry ကိုင်လာတဲ့ နိုင်ငံခြားသားတွေပဲ လိုက်လိုက် ငန်းရတာ ၊ နောက်တော့ သူ့ ဖုန်းတွေက စုန်းစုန်းမြုပ်။ အဲ့ဒါလည်း Apple ရဲ့ စနက် ပဲ ၊ (ဆိုင်ဆိုင် ၊ မဆိုင်ဆိုင်..) BlackBerry မှ BlackBerry ဖြစ်နေကြတဲ့ အချိန်မှာ iPhone လည်း ချပြလိုက်ရော အားလုံး… အားလုံး ပန်းသီး ဖြစ်ကုန်တာ ထင်တာပဲ။

နောက်ပိုင်း.. သူ့ခမျာ ကြိုးစား ရှာပါတယ်လေ ၊ ပြီးခဲ့တဲ့ နှစ်ကပဲလားမသိ ၊ passport နဲ့ တူတူတွဲကိုင်သွားရင် အဆင်ပြေအောင် passport စာအုပ် အရွယ်အတိုင်းထုတ်ထားတဲ့ BlackBerry Passport တို့ ၊ ဘာတို့ … ဒါလည်း စုန်းစုန်းမြုပ်တာပါပဲ။

ဒါ… ပေ … မယ့် …. အခု သူ တကျော့ ပြန်လာတော့မယ်။ လူစိတ်မဝင်စားတော့တဲ့ သူတို့ရဲ့ OS ကို ထားခဲ့ပြီး Android တင်လာပြီ။ နောက် အရင်က BlackBerry ရဲ့ signature လို့တောင် ပြောလို့ ရတဲ့ physical keyboard ကလည်း ပါမယ်။ အရင်လိုတော့ ဖုန်းမှာ အမြဲ ရှိနေတာမဟုတ်ပဲ slide in / out လေး ၊ အလန်း..

blog-bb-1

ဒါဆိုရင် အရင်က BlackBerry fan တွေပြန်ပြီး မျက်စိကျပြီ ၊ အခုမှ စကိုင်မယ့်သူတွေလည်း သဘောကျလောက်ပြီလေ။ စာအများကြီးရိုက်ရတဲ့ သူတွေဆို ပိုလို့ အိုကေ ၊ (မြန်မာစာလက်ကွက်နဲ့တော့ မအိုကေလောက်ဘူးရယ်) သတင်းတွေထွက်တာတော့ လပိုင်းလောက် ရှိနေပြီး ၊ အခုုတော့ ပုံအကြည်တွေ online မှာ leak ဖြစ်လာတယ်ဗျ။

blog-bb-2

ထွက်လာတဲ့ specs တွေအရ သူက 7.6mm ဆိုတော့ Note 5 ထက်ပိုပြီးပါးမယ် ၊ ဒါပေမယ့် 171g ဆိုတော့ Note 5 ထက်တော့ ပိုလေးမယ် ၊ Note 5 လိုပဲ ဘေးဖက်ကို screen အခုံးလေးဆိုလားပဲဗျ။

blog-bb-3

ပြသနာက screen ကို အပေါ်ကို တွန်းပြီး physical keyboard ထုတ်ရမှာ ဆိုတော့ weight balance ဖြစ်ဖို့ လိုလိမ့်မယ် ၊ အဲ့လိုမှ မဟုတ်ရင်တော့ စာရိုက်လို့ ကောင်းမှာ မဟုုတ်ဘူးရယ် ၊ ဒါပေမယ့်လည်း သူတို့က ဆရာတွေပဲလေ ၊ ဒီလောက်ကတော့ အဆင်ပြေအောင် လုပ်ထားမှာပါ ။ ကိုယ်တိုင်စမ်းသုံးရတဲ့ Redditor ကလည်း off balance မဖြစ်ဘူးလို့ ပြောတာပါပဲခင်ဗျ။

လောလောဆယ်တော့ ဒီဖုန်းနာမည်က Priv လို့ ပေးဖြစ်မယ် မှန်းရတာပဲ ၊ သေချာသိရတော့မှ ထပ်ပြောပါဦးမယ်ဗျာ …

🙂 😀

Source: GSMArena

Leave a Reply

Your email address will not be published. Required fields are marked *