iPhone နဲ့ glove-friendly screen

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ကိုယ်တွေလို ရန်ကုန်မှာနေ ၊ ဆောင်းတွင်း မှာ အနွေးအကျီ တောင် သိပ်မလိုတဲ့ နေရာက လူတွေကတော့ ဘယ် နားလည် နိုင်ပါ့။ ဆောင်းတွင်း ဟိုးတောင်ပေါ်တို့ ၊ တောင်ကြီးတို့ ၊ မေမြို့တို့ … စသဖြင့် သွားနေကြည့်ဖူးရင် သဘောပေါက်ရောပဲ..

ဖုန်းကလည်း သုံးချင် ၊ အေးကလည်းအေး ၊ လမ်းသွားလမ်းလာ ဖုန်းလာရင် ၊ လက်အိတ်ကို အရင်ချွတ် ၊ ကိုင်စရာတွေနဲ့ လက်မအား ကြည့်ပါလား ၊ လက်အိတ်ကို ပါးစပ်နဲ့ ကိုက်ချွတ် ၊ ဖုန်းကလည်း မြည်နေ ….. ပြောရင်းနဲ့တောင် အာရုံနောက်တယ်။ ဟုတ်ပါတယ်လေ ၊ phone touch screen တွေက လက်အိတ်နဲ့ သုံးလို့ မှ မရပဲကို.. (တရုတ်ကလာတဲ့ ဖုန်းကိုင်လို့ ရတဲ့ လက်အိတ် ရှိတယ်လို့ ကပ်သပ် ပြောရင်လည်း ၊ အဲ့လက်အိတ်လည်း တခါ တလေ ဖုန်းကိုင်လို့ မမိဘူး … ဒါပဲ)

blog-glove-friendly-iPhone

အခု Apple က ဒီလို ကိစ္စတွေကို အဖြေရှာဖို့ လက်အိတ်ဝတ်ထားလျက်နဲ့ ဖုုန်းသုံး နိုင်တဲ့ screen ကို ဖန်တီးဖို့ စိိုင်းပြင်းနေပြီလို့ သတင်း ထွက်ပါတယ်ဗျာ။ ဘာလက်အိတ် အမျိုးအစားကို ပဲ သုံးသုံး အဆင်ပြေမယ့် screen မျိုးပါ။

ဒီ သတင်းကတော့ Apple က ဆုုိင်ရာ ပိုင်ရာမှာ မူပိုင်ခွင့် တင်ထားလိုက်တဲ့ နည်းပညာကို အမှီသဟဲပြုပြီး မှန်းဆ ရေးသား ထားကြတာပါ။ အကယ်၍ အမှန်တကယ် ဖြစ်လာမယ် ဆိုရင်တော့ ကြာတော့ ကြာဦးမယ်ဗျ။ အဲ့ အချိန်ကျ ကမ္ဘာကြီး ပူနွေးလာပြီး မအေး တော့ရင်တော့ မသိ…

ကြာဦးမယ်လို့ ပြောတာ ၊ မဖြစ်လာမှာလည်း ဖြစ်နိုင်သေးတယ်ဗျ … ဘာလို့လည်း ဆိုတော့ Apple မှာ မူပိုင်ခွင့် တင်ပြီး အမှန်တကယ် အကောင်အထည် မဖော်ဖြစ်တဲ့ နည်းပညာတွေ ဒု နဲ့ ဒေး ရယ်…

ဒီအောက်က ပုံကတော့ မူပိုင်ခွင့်တင်ထားတဲ့ထဲက ဆိုင်ရာ ပိုင်ရာ ပုံပါတဲ့ … ကျွန်တော်တို့တော့ နားမလည်ပေါင်ဗျာ ..

😀 😛

Source: RedmondPie
Photo credit: RedmondPie

blog-glove-friendly-iPhone-1

Leave a Reply

Your email address will not be published. Required fields are marked *