ရှေ့ နှစ်မှာ “ပန်းသီးကား” စီးမယ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

တကယ် မစီး ပါဘူး ၊ ဒီလိုပဲ စိတ်ကူးယဉ်ကြည့်တာ။

ကျွန်တေ်ာက စိတ်ကူးယဉ်ရုံပဲ ဆိုပေမယ့် ငွေကြေး တတ်နို်င်တယ် ဆိုရင်တော့ ခု iPhone 6s လေး 6s Plus လေး နိုင်ငံခြားကနေ order မှာသုံး သလို ၊ ရှေ့နျစ်ဆိုရင် Apple Car လေး တစ်စင်းလောက် ဆိုပြီး order မှာပြီး စီးမယ်ဆို စီးနိုင်တော့မှာ…

Apple က ဟုတ်သလိုု ၊ မဟုတ် သလို သတင်းတွေ ထွက်နေတဲ့ Apple Car က ၂၀၁၉ ဆို တကယ်စျေးကွက်တင်နိုင်မယ့် အခြေအနေရှိပြီ လို့ ဒီနေ့ပဲ Wall Street Journal က ရေးတဲ့ report ကို အခြား သတင်းဌာနတွေ ပြန်ရေးတာကနေ တဆင့် ဖတ်လိုက်ရပါတယ်။

Apple က electric car ဖန်တီးနေတယ် ၊ ဟိုနား ဒီနား စမ်းမောင်းနေတာ တွေ့တယ် စသဖြင့် အရင်ကတည်းက သတင်းတွေ ရှိနေပေမယ့် ၊ အခုုကတော့ သေချာ သွားပါပြီ။ ကုမ္ဗဏီက Apple Car ထုတ်ဖုုိ့အတွက် မီးစိမ်းပြလိုုက်ပြီ လို့ သိရပါတယ်။ ဒါကြောင့် ကုမ္ဗဏီတွင်းမှာ ရှိနှင့်ပြီး ဖြစ်တဲ့ car ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ ဒီဇိုင်နာ ၊ အင်ဂျင်နီယာ စသဖြင့်တွေက သူတိုု့ရဲ့ လူအင်အားကို ၃ ဆလောက် ချဲ့ မယ် ၊ လူတွေထပ်ပြီး ငှား တော့မှာပါ။

2014 မှာ Apple ရဲ့ CEO, Tim Cook က BMW ကို သွားလည်ပြီး BMW ရဲ့ electric car – i3 ထုတ်တာတွေကို လေ့လာခဲ့ ပေမယ့် ၊ အခု Apple Car ထုတ်လုပ်တဲ့ နေရာမှာ BMW နဲ့ ပူးပေါင်းဖို့ မရှိဘူး ၊ ဒါပေမယ့်လည်း BMW ရဲ့ i3 ကိုပဲ base ယူမယ်လို့လည်း Wall Street Journal ရဲ့ report မှာ ရေးထား ပါသေးတယ်ဗျ။

Apple က ကားထုတ်တဲ့ အခါမှာ မောင်းသူမဲ့ driveless car တော့ မဟုတ်သေးတာ သေချာတာမို့ ၊ မှာပြီး စီးမယ် ဆိုရင်တော့ ခုကတည်းက လိုင်စင်လေးရှိထားမှ ၊ ကားမောင်းလေးလည်း ကျွမ်းထားဦးမှ ….

🙂 😀

Source: The Next Web, Redmond Pie, World Street Journal

Leave a Reply

Your email address will not be published. Required fields are marked *