Apple Battery Case

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

blog-apple-battery-1

နောက်ဆုံး…. မှာတော့ …. Apple က အမှန်တကယ်ကြီးကို Battery Case / Battery Pack ထုတ်ပေးလိုက်ပါပြီဗျာ။ အရင့်အရင် ကတော့ iPhone battery လေးကို အားမရလို့ အပိုဆောင်း ဘက်ထရီ ပါတဲ့ cover တပ်ချင်ရင် အခြား third party တွေက ထုတ်တာတွေပဲ တပ်နေရပေမယ့် ၊ အခုတော့ Apple logo လေးနဲ့ အမှန်အကန် official လေး သုံးလို့ ရပါပြီ။

အရှေ့က ကြည့်ရင် သာမန် cover လေးလိုပဲ ထင်ရပေမယ့် ၊ အနောက်ဖက်မှာတော့ ဗိုက်ပူ ၊ နံကားလေး … 😛 😀

blog-apple-battery-2

သူက iPhone 6s အတွက် ဆိုပေမယ့်လည်း 6 နဲ့ လည်း အလုပ်လုပ်မယ် ယူဆ ရတာပဲ ခင်ဗျ။ ဒါတော့ သေချာအောင် Google ရမယ့် သဘောရှိပါတယ်။ ဘက်ထရီ ဘယ်လောက်ကျန်သေးတယ် ဘာညာ ၊ တွေလည်း အလွယ်လေး ပြပေးမယ်လို့ ဖတ်ရပါတယ်ဗျာ။

blog-apple-battery

စျေးက ၉၉ ဒေါ်လာ နဲ့ battery capacity က 1877mAh ဆိုတော့ စျေးချင်းတူရင် third party က battery cover တွေကို capacity ၂ ဆ လောက်နဲ့ ဝယ်လို့ ရပေမယ့် … Apple official ပေါ့လေ … ပန်းသီး logo လေး နဲ့ ပေ့ါ ….

😀 🙂

Update: iPhone 6 မှာလည်း သုံးလို့ ရပါတယ်တဲ့ဗျာ။

Source & Photos: The Wall Street Journal

Leave a Reply

Your email address will not be published. Required fields are marked *