ထိပ္ဆံုးက iPhone 6s

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ပြောရရင်လည်း စက်ရုပ် နဲ့ ပန်းသီး ဇာတ်လမ်းပဲ ဖြစ်ဦးမလား မသိ ၊ ကျွန်တော်တို့ကတော့ စက်ရုပ်လညး် ချစ် ၊ ပန်းသီးလည်း ချစ် တယ်နော်။ ကြိုပြောထားတာ .. ဟက်ဟက် …

blog-antutu

ဒီလိုလေ ၊ နှစ်စဉ် နှစ်တိုင်း AnTuTu.com ရဲ့ ဖုန်းအဆင့်သတ်မှတ်ချက်ကြီးကို စောင့်မျှော်ကြလေရဲ့ ၊ benchmark ဘယ်လောက် ရသလဲ ပေါ့။ အရင်ကတော့ Android တွေပဲ ယှဉ်ကြပေမယ့် AnTuTu 6.0 က iOS အတွက်ပါ ရသွားလေတော့ ၊ ပြိုင်ပွဲကြီးမှာ iPhone ကလည်း ပါလာတယ်ပေါ့လေ။

အဲ့ဒီမှာ စတွေ့တော့တာ…

ဟိုဖုန်း ၊ ဒီဖုန်း benchmark ဘယ်လောက်တွေ ရသလဲ ဆိုတော့ … ထိပ်ဆုံးက iPhone 6s ၊ သူက 132,620 ။ သူ့နောက်က Huawei … ဟုတ်တယ် ၊ ၂ ခါတောင် ပြန်ဖတ်ရတာ Huawei Mate 8 သူက 92,746 ။ သချာင်္လည်း သိပ်မတော်တာနဲ့ သူများတွက်ထားပြီးသား ပြန်ပြောပြရတာ … ၄၂% ပိုမြန်နေတယ် ဆိုပဲ ….

blog-antutu-2

ဒါနဲ့ ကျွန်တော့်အချစ်တော် Samsung ဘယ်ရောက်လဲ ကြည့်တော့ သူက နံပါတ် ၄ မှာ ချိတ်လေရဲ့ ၊ iPhone 6s က ၆၀% ပိုမြန်တာ…

မနှစ်ကထွက်ထားတဲ့ iPhone 6 ကတောင်မှာ တလောကထွက်တဲ့ Google Nexus 6P ထက် ၃% ပိုမြန်သေး….

မသိဘူးလေနော် ၊ သူတို့က ဘယ်လို အချက်အလက်တွေနဲ့ ဘယ်လိုတွက်ပြီး ဘယ်လို အမှတ်တွေ ရကုန်သလဲတော့ ။ ကိုုယ်တွေကတော့ လက်ထဲက ဖုန်း သုံးလို့ ကောင်းနေဆဲ ၊ အလုပ်လုုပ်ပေးနေဆဲဆိုရင် ၊ မနာလို မဖြစ်ပေါင် … ကြိုက်ဆဲပဲ.. (ဖြေသိမ့်)

😀 😛

Source: Digital Trends, AnTuTu.Com

Leave a Reply

Your email address will not be published. Required fields are marked *