Buy 5 Get 1 Free – Fire Tablet

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Buy 5 Get 1 FREE ! ခေါက်ဆွဲပြုတ်ထုပ် ရောင်းတယ်တော့ မထင်လိုက်နဲ့ ဆရာ – ဆရာမ တို့ရေ့ ၊ Amazon Store က tablet ရောင်းနေတာ။ ကလေးတွေ ၁ ယောက် ၁ လုံးပေးမလား ၊ အိမ်က အခန်းတိုင်း မှာ ၁ လုံးစီ ထားမလား ၊ ၁ လုံးမှ ဒေါ်လာ ၅၀ ထဲရယ် ၊ ၅ လုံးဝယ်မှ ၂၅၀ ၊ iPad ၁ လုံး စာတောင် မပြည့်ဘူး။

အဲဒါ Amazon က ရောင်းတာ ၊ သူတို့ ကိုယ်တိုင် ထုတ်တဲ့ Amazon Fire ဆိုပါတော့။ အတွင်းမှာ ပါတာတွေက စူပါ powerful တွေ မဟုတ်ပေမယ့် ဒေါ်လာ ၅၀ ဆိုတာ ကတော့ ကျွန်တော်တို့ နုုိင်ငံ အတွက်တောင် သုံးပျော်တယ်လို့ သတ်မှတ်နေရင် ၊ သူတို့ နိုင်ငံမှာတော့ ပြောမနေနဲ့တော့ …

blog-fire-2

Amazon က tablet ၄ မျိုး ထုုတ်ပြီး pre-order စယူနေတာပါ ။ ဒေါ်လာ ၅၀ တန် Fire ရယ် ၊ ဒေါ်လာ ၁၅၀ တန် Fire HD 8 ရယ် ၊ ဒေါ်လာ ၂၃၀ တန် Fire HD 10 ရယ် ၊ ဒေါ်လာ ၁၀၀ တန် Fire Kids Edition ရယ်ပါ။

အမေရိကန် နုုိင်ငံမှာ နေပြီး Kids Edition ကုုိ ဝယ်မယ် ဆိုရင် ကလေးလေးတွေ ကုုိင်ပေါက်လို့ မှန်ကွဲသွားမလား ၊ ရေဇလုံထဲ ပစ်ထည့်လိုုက်လို့ ရေမွန်းသွားမလား ၊ ပြတင်းပေါက်က လွင့်ပစ်လိုုက်လို့ အိမ်အောက်မှာ သွားကောက်ရမလား ၊ မပူနဲ့ ။ 2 years worry-free guarantee တဲ့ ။ ဘာမေးခွန်းမှ မေးမနေဘူး ၊ အသစ် ၁ လုံး လဲပေးလိုက်မှာ။ အဲဒါက ဒေါ်လာ ၁၀၀။

blog-fire-5

Tablet တွေ ပေါချင်း သော်ချင်းကို ရောင်းပေးနေတဲ့ Amazon မှာ မြုပ်ကွက်လေးတွေတော့ ရှိသဗျ။ ဒေါ်လာ ၅၀ ဝယ်ရင် lock screen မှ သူတို့ ကြေငြာတွေ လာပြတာ ကြည့်ပေးရမယ် ၊ မကြည့်ချင်ရင် ဝယ်ကတည်းက ၁၅ ဒေါ်လာ အပိုပေးရမယ် ၊ ပြီးတော့ processor တို့ graphic တို့ကို ဘာ အမျိုးအစားလည်း မပြောထားဘူး ဆိုတော့ low end တွေ ဖြစ်မလား လို့ မှန်းရတယ်။ ဒါပေမယ့် …. ဒေါ်လာ ၅၀ လေ ဗျာ။ တော်ပြီပေါ့..

မတော်တာကတော့ US မှာပဲ ဝယ်လို့ ရမယ် ၊ ပြီးတော့ Android အခြေပြုလို့ ယူဆရတဲ့ Fire OS တင်ထားလို့ Play Store မရပဲ Amazon Store ပဲ ရမယ် ၊ နောက် မောင်ဇော်ဂျီ နဲ့ မောင်ယူနီ ကိစ္စလည်း ရမယ် ၊ မရမယ် ကျွန်တော်တော့ သေချာ မပြောပြတတ်ဘူး ခင်ဗျ။

blog-fire-1

ဘယ်လိုပင် ဖြစ်လင့်ကစား ၊ သားသား မီးမီး တူတူ တူမ တစ်ယောက် tablet တစ်လုံး လက်ဆောင် ပေးပစ်မယ် ဆိုတာမျိုးက အခုု ဖြစ်နိုင်သွားပါပြီလို့

ဟော…ဒီမှာ tablet တွေ ရမယ် …. Buy 5 Get 1 FREE !!

🙂 😀

Source: Amazon

Leave a Reply

Your email address will not be published. Required fields are marked *