6Plus Camera ဝါးနေရင် လဲပေးတော့မှာ

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို …

iPhone 6 Plus ကို ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ နဲ့ ဒီနှစ် ဇန်နဝါရီ အတွင်း ဝယ်ထားတယ် ၊ ဓာတ်ပုံတွေ ရိုက်ရင်လည်း ဝါးနေတယ် ဆိုရင် အခု Apple က ဒီ defect ဖြစ်ထားတဲ့ iPhone 6 Plus တွေကို အခမဲ့ လဲပေးတော့မှာပါ။

iSight camera replacement program for iPhone 6 Plus ကို Apple က မနေ့က စတင်ထားပြီး လဲပေးဖို့ အတွက်

၁. ဖုန်းရဲ့ serial no. က သတ်မှတ်ထားတဲ့ serial no အတွင်း ရှိရမှာပါ။
၂. ဖုန်းနဲ့ ရိုက်တဲ့ ပုံတွေကလည်း ဝါးနေမှ ဖြစ်မှာပါ။

ဒါဆိုရင် Apple က ပြောတဲ့ “If your iPhone 6 Plus is producing blurry photos and falls into the eligible serial number range, Apple will replace your device’s iSight camera, free of charge,” ထဲမှာ ဘောင်ဝင်သွားပါပြီ။

Free of charge ဆိုပေမယ့် ဖုန်း တစ်လုံးလုံး လဲပေးမှာ မဟုတ်ပဲ ကင်မရာကိုပဲ လဲပေးမှာပါ တဲ့ ခင်ဗျ။

ကိုယ့်ဖုန်းလေး အကျုံးဝင် ၊ မဝင် သိချင်တယ် ဆိုရင် Phone ရဲ့ Settings ထဲက General > About မှာ Serial No. ကို အရင်ယူ ၊ ပြီးရင် Apple ရဲ့ iSight Camera Support မှာ ထည့်ပြီး စစ်လို့ ရပါပြီ။

blog-6plus-camera-replacement-2

ပြည်တွင်းက ဖုန်းတွေ ကတော့ လဲဖို့ဆို နည်းနည်းတော့ အခက်ခဲ ရှိမယ် ခင်ဗျ။

စင်ကာပူ တို့ ဘာတို့ မှာ ဝယ်ခဲ့ ပြန်ရင်လည်း ပြန်ပို့မှ ပဲ အဆင်ပြေမှာမို့ ၊ ဝါးတဲ့ ကင်မရာ ပိုင်ရှင်တွေ မဖြစ်ပါစေနဲ့ လို့ပဲ ဆုတောင်း ရပါတယ်ဗျာ။

iPhone 6 Plus မှာပဲ ပါပြီး 6 မှာ မပါတဲ့ Optical Image Stabilization component ကြောင့် ဖြစ်ရတာ ဆိုတာနဲ့ ၊ ပြသနာ ဖြစ်တဲ့ ဖုန်းကလည်း ရာနှုန်း အနည်းငယ်ပဲ ရှိတာလို့ Apple က ပြောထားပါသေးတယ် ခင်ဗျ။

အားလုံးပဲ အစစ အရာရာ အဆင်ပြေကြပါစေဗျာ

🙂 😀

Source: Apple, Redmonpie, Engadget

Leave a Reply

Your email address will not be published. Required fields are marked *