အာကာသထဲမှာ သိမ်းထားမယ့် ကမ္ဘာ့သမိုင်း

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

ကမ္ဘာပေါ်မှာ လူသားတွေ မရှိကြတော့တဲ့ အခါ ၊ ကမ္ဘာကြီးဆိုတာလည်း မရှိတော့ပဲ ၊ လူသားတွေ ဆိုတာ အာကာသမှာ နေထိုင်လာကြတဲ့ အခါ ၊ အရင့်အရင် ဘိုးဘေးဘောင်ဆက် က ကမ္ဘာမြေကြီးပေါ်မှာ ဘယ်လို နေထိုင်ကြတယ် ၊ ဘာတွေ ဖန်တီးကြတယ် ၊ ဘာတွေ စားသောက်ကြတယ် ၊ ဘယ်လိုတွေ ပျော်ရွှင်ကြတယ် ဆိုတာ နောင်အနာဂတ် မျိုးဆက်တွေ အတွက် ချန်ထားဖို့ စဉ်းစား လာတဲ့ အခါ….

5D Disc

ရုပ်ရှင်လိုလို ၊ စိတ်မကောင်းစရာ လိုလို ဆိုပေမယ့် ၊ University of Southampton ရဲ့ Optical Research Center က သူတို့ အနေနဲ့ ၅ ဖက်မြင် ပုံရိပ်နဲ့ သိမ်းဆည်းနိုင်တဲ့ 5D optical disc ကိုဖန်တီးနိုင်ပြီလို့ ကြေညာ လာပါတယ်။ အဲ့ဒီ disc က တစ်ခြပ်ကို 360 TB သိမ်းဆည်း နိုင်ပြီး အပူချိန် ၁၀၀၀ ဒီဂရီစင်တီဂရိတ်ကို ခံနိုင်ရည်ရှိသလို ၊ နှစ်ပေါင်း ၁၃.၈ ဘီလီလျံ သက်တမ်း ရှိတာမို့ ၊ အချက်အလက်တွေ အားရပါးရ သိမ်းဆည်းထားပြီးရင်တော့ ဒီ disc တွေကို အာကာသမှာ သိမ်းထားမှာပါတဲ့ဗျာ။

ကဲ… ဘယ့်နှယ်ရှိစ ?? 😛 😀

Source: Engadget

Leave a Reply

Your email address will not be published. Required fields are marked *