Note FE အသစ္မ်ားလား

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

မတော်လို့များ ၊ ရှေ့လမှာ Samsung Note FE ဆိုပြီး တွေ့ရင် ၊ ဟ အသစ် ထင်တယ်လို့ ကောက်မဆွဲနဲ့ဦး ဆရာတို့ …

အဲ့ဒါ Samsung Note 7 ကို refurbished လုပ်ထားတာလို့ သတင်းထွက်လေရဲ့ ၊ ပြီးခဲ့တဲ့ ၂ လ ၊ ၃ လ လောက်က ဘာပွဲဆိုလည်း မသိ (မေ့သွားပြီဗျ) ပွဲမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု လှုပ်ရှားမှု တက်ကြွသူတွေက ပတ်ဝန်းကျင် ထိခိုက်မှု မရှိရလေအောင် ပြန်သိမ်းထားတဲ့ Note 7 တွေကို ဒီတိုင်းမစွန့်ပစ်ပဲ ၊ refurbish / recycle ပြန်လုပ်သင့်တယ်လို့ ထောက်ပြတာနဲ့ ၊ Samsung ကလည်း ပျော်ပျော်ကြီး လက်ခံ လိုက်ပုံပဲ။

ပျော်ပျော်ကြီးဆို ၊ အရင်က မီးထလောင်ပေမယ့် ၊ အခု Samsung က မီးလောင်ရခြင်း အကြောင်းကို ဖော်ထုတ်ပြီးပြီဆိုတော့ စိတ်ချ ရပြီလေဗျာ… ဆိုပါတော့ … 😛 😀

အဲ့ဒါနဲ့ပဲ အစက Note 7R ဆိုပြီး ထုတ်မယ်လို့ သတင်းထွက်တယ်။ ပြီးတော့ကား Note 7 ဆိုတာကြီး ပြန်ပါနေရင် နာမည် စီးမှာ စိုးတာ တစ်ကြောင်း ၊ R က refurbished ဆိုတာကြီး ထောက်ပြနေသလို ဖြစ်နေတာက တစ်ကြောင်းကြောင့် Note FE – Fan Edition ဆိုပြီး ပြန်ထွက်လာဦးမယ် ဆိုပဲဗျ။ ပြောနေကြတာ။

သဘောက Samsung hard core fan တွေ ပြန်သုံးမယ့် Fan Edition ပေါ့ .. ဟက်ဟက် 😀 😛

သတင်းတွေက မသေချာသေးဘူးလေ။ ဟိုတစ်စ ၊ ဒီတစ်စပဲ။ ပြန်ထုတ်ရင် ဘက်ထရီကို weight လျော့ ထားမယ် ၊ ဈေးက တစ်ဝက်ဈေး ဒေါ်လာ ၄၃၀ ဝန်းကျင် ဆိုပဲ … သုံးမယ်ဆိုရင် စောင့်ပေဦးပေါ့ 😀 🙂

Source: Android Authority

[simple-author-box]

Leave a Reply

Your email address will not be published. Required fields are marked *