iPad အသစ် နဲ့ ဘယ် iPad ကို ရွေးလို့ဝယ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ကဲ ၊ မပြောဘူးလား ၊ တိုးတိုးတိတ်တိတ် iPad အသစ် ထွက်မှာပါလို့ ။ ဂု.. မှန်ရောမလား ၊ ၉.၇ လက်မ iPad အသစ်ထွက်ပြီ။ Processor အသစ်နဲ့ ….

ဆိုတော့ကား ၊ iPad လို့ ပြောလိုက်ရင် ရွေးစရာတွေက ခပ်များများရယ်နဲ့ ဘယ်အလုံးကို ရွေးရပါ့ ဆိုရင် ၊ welcome to the party. အခု အဲ့လို ယောင်တောင်တောင် ဖြစ်နေတာ ကိုယ်တစ်ယောက်တည်း မဟုတ်တော့ ပေဘူးပဲကိုးဗျ။

လောလောဆယ် iPad လို့ ပြောလိုက်ရင် ၊ အသစ်ထွက်တဲ့ ၉.၇ လက်မ လေးက စျေး အတန်ဆုံးပဲ။ သူက ဒေါ်လာ ၃၃၀ ဝန်းကျင်ပဲ။

ကျန်တာတွေက ဆင်လောက်ရှိတဲ့ 12.9 inch iPad Pro ရှိမယ်။ သူက စျေးနှုန်း ဒေါ်လာ ၈၀၀ ဝန်းကျင်က စမယ် ၊ သူ့ အောက်မှာ 9.7 inch iPad Pro ပဲ ရှိတယ် ။ သူကတော့ ဒေါ်လာ ၆၀၀ လောက်က စမယ်။ ပြီးတော့ အခု ထွက်တဲ့ 9.7 inch iPad က ဒေါ်လာ ၃၃၀ ၊ သူက budget option လေး။ နောက်ဆုံး size သေးလေးမှ ကြိုက်တာ ဆုုိရင်တော့ iPad Mini 4 က ဒေါ်လာ ၄၀၀ ဝန်းကျင်က စမယ်ပေါ့လေ။ ဟုတ်တယ်ဗျ။ Mini ကတောင် ပိုစျေးကြီးနေသေး …

ဆိုတော့ကား အသစ်မှာ ဘာတွေ ထူးလာသလဲ ဆိုရင် ၊ နံပါတ် ၁ က စျေးနှုန်းပေါ့။ ဒေါ်လာ ၃၃၀ ဝန်းကျင်က စမယ်ဆိုတော့ Budget option လို့တောင် ပြောလုုိ့ရမယ်။ ဒီ iPad အသစ်က 9.7 inch ကို နောက်ဆုံးထွက် A9 processor နဲ့ ၊ ဓာတ်တုံး က တစ်ခါ အားသွင်းပြီးရင် ၁၀ နာရီ ခံမယ် ၊ ပြောတာပဲ ။ နောက်ကင်မရာက 8 megapixel ၊ ရှေ့က 1.2 megapixel ပါ။

ထွက်ထားတဲ့သတင်းနဲ့ အံမကိုက်တာ ဆိုလို့ speaker ၄ လုံး မဟုတ်ပဲ ၊ ၂ လုံးပဲ ပါလာပါတယ်ဗျာ။ TouchID လေးပါတယ်။ ၃.၅ မီလီ headphone jack လေးနဲ့ပါ။ လက်ရှိ iPad Air 2 ထက်တော့ မဆိုသလောက်ထူသွားတယ်လို့ ဖတ်ရပါတယ်။ အရင် iPad က 6.1 mm ၊ အခု iPad က 7.5 ဆိုတော့ အနည်းအကျဉ်းပါ။ ပြီးတော့ နည်းနည်းလေးလည်း ပိုလေးသွားတယ်ဆိုပဲဗျ။ ဘယ်လောက် ပိုလေးသွားလည်းတော့ ရှာမတွေ့ဘူးရယ်။

နံပါတ် ၁ ဆွဲဆောင်မှုကတော့ စျေးနှုန်းပဲ ၊ စျေးသက်သက်သာသာလေးနဲ့ iPad အသစ််ဆိုရင်တော့ သုံးပေတော့ဗျိုးးး 🙂 😀

Source: Digital Trends

အော် ၊ ဒါနဲ့ iPhone SE fan ဆိုရင် ၊ အခု Apple က SE တွေကို storage ၂ ဆ စီ တိုးပြီး အသစ်ထုတ်တယ်ဗျ။ စျေးကတော့ အရင် အတိုင်းပဲ။ အာ့ပြောပြတာ 😛 😀

Leave a Reply

Your email address will not be published. Required fields are marked *