HTC ညှစ်ဖုန်း

ဇောဂျီနဲ့ဖတ်မယ်ဆို

တကယ်ပြောတာ ၊ နောက်တာမဟုတ်ဘူး။ လက်နဲ့ ညှစ်လို့ တစ်ခုခုု ပြန်လုပ်ပေးတဲ့ ဖုန်းဆိုတာ မရှိသေးဘူး .. ဟုတ် ?? 😛 😀

အခု ရှိပါပြီဗျာ။ HTC က အသစ်ထုတ်လိုက်တဲ့ U11 ပါ (ရုတ်တရက်ဆို လူငယ် ဘောအသင်းလိုလိုု ဘာလိုလိုု) HTC U11 ကို ကိုင်ပြီး ညှစ်လိုက် ၊ camera app ပွင့်လာမယ် ၊ ထပ်ညှစ်လိုက် … ဟော .. selfie ရိုက်ပေးရော …. ဒါမျိုးမှ အသစ် မခေါ်ရင် ဘာကို အသစ်ခေါ်ကြမတုန်း …. ဟဲဟဲ

U11 ဆိုတဲ့ နာမည်က နည်းနည်ထောက်တယ် ၊ ညှစ်ဖုန်းပဲ ခေါ်ဦးမယ်။

ညှစ်တဲ့ feature ကို HTC က ပထမဆုုံး ဖန်းတီးလိုက်တာဆိုရင် ၊ ပြောပြဦးမယ် …..

Android phone ဆိုတာကို HTC က စခဲ့တာတဲ့။ နောက်မှ Samsung တို့ဘာတို့ ဖြစ်လာတာ။ ပြီးတော့ ပန်းသီးဖုန်းတွေမှာ ခေတ်စားတဲ့ Live Photo လေ ၊ အဲ့ဒါလည်း ၂၀၁၄ ခုနှစ်က HTC က Zoe ဆိုပြီး စခဲ့တာလို့ ပြောရင် မယုံရင် ပုံပြင်မှတ် … ဟက်ဟက် 😛 😀

ပြီးတော့ ရှိသေး …. နောက်ကင်မရာ ၂ လုံးနဲ့ dual camera ဆိုတာကြီးက 2014 ခုနှစ်မှာပဲ HTC ရဲ့ One (M8) ထွက်ပြီးမှ ဟိုဖုန်းမှာလည်း ၂ လုံးပြူး ၊ ဒီဖုန်းမှာလည်း ၂ လုံးပြူး ဖြစ်လာကြတာ။ (ဂု U11 ကတော့ ၁ လုံးထဲရယ်)


ဘာလို့ ဒီတစ်ပတ်ဒီလောက်တောင် HTC ကိုညွှန်းနေရတာတုန်းလို့ ပြောရင် … ရင်နာလွန်းလို့ပါဗျာ။

အစစ အရာရာ ထိပ်ဆုံးဆိုပြီး ဦးဆောင်ခဲ့တဲ့ HTC က အခုု နှစ်ပိုင်းတွေကြတော့ ဘယ်နား ကျကျန်ခဲ့မှန်း မသိအောင် ကို အဆက်ပြတ်နေခဲ့တာ။ ထုတ်လိုက်တဲ့ ဖုန်းတွေကလည်း စင်ပေါ်ကနေ ဘယ်မှ မရောက် ၊ ရင်နာစရာ …

HTC ကတော့ မလျော့သောဇွဲနဲ့ နောက်ကျနေတာတွေကို အကြွေးနဲ့ ဆပ်သလား မှတ်ရလောက်အောင် ၊ ကျန်ခဲ့တာတွေ အားလုံးကို နောက်ဖုန်းအတွက်ဆိုတာမချန်တော့ပဲ ဒီ ညှစ်ဖုန်း (U11) တစ်လုံးထဲမှာပဲ သွပ်သွင်းပြီး အခု စျေးကွက် တင်လာပါပြီဗျာ။

ညှစ်လို့ ရတာပဲလား ဆိုတော့ ဘယ်ဟုတ်မလဲ ၊ ရေစိုခံတယ် ၊ fingerprint ပါတယ်။ ဒါနဲ့ ကြားဖြတ် စဉ်းစားကြည့်တာ waterproof လည်းဖြစ် ၊ ညှစ်လို့လည်း ရတယ်ဆိုတော့ (လျှောက်မတွေးနဲ့) ရေကူးကန်လိုမျိုးမှာ ဘော်ဒါတွေ selfie ဆွဲမယ်ဆိုရင် လက်ရေစိုနေလို့ screen ပေါ် ပွတ်လို့ မရတာမျိုး မရှိတော့ဘူးလေ။ ဖုန်းကို ညှစ်ပြီး ဆွဲရုံပဲ… selfie …. 😛 😀

U11 က ၅.၅ လက်မ screen ၊ 2560 x 1440 resolution ။ Qualcomm ရဲ့ အသစ်စက်စက် Snapdragon 835 processor သုံးထားမယ် ၊ 4 GB RAM ပါမယ် ၊ 64 GB storage ဖြစ်မယ်။ ကင်မရာက 12 megapixel ကို wide aperture နဲ့ fast autofocus ဖြစ်မယ်။ မိုဘိုင်းဖုန်း ကင်မရာတွေနဲ့ ပတ်သက်ပြီး အမှတ်သတ်မှတ်ပေးတဲ့ DxO Lab က လောလောဆယ် ထပ်ဆုံးမှာ ရှိနေတဲ့ Google Pixel ထက်ကို ၁ မှတ် ပိုပေးပြီး U11 ကို နံပါတ် ၁ ထိပ်ဆုံးမှာ သတ်မှတ်ပေးလိုက်တယ်ဗျ။ ဒါလည်း HTC က ကင်မရာမှာလည်း ခေသူ မဟုတ်ဘူးဆိုတာ ပြတာပေါ့လေ။

ထူးခြားဆုံးကတော့ ညှစ်ဖုန်း ရဲ့ အရောင်တွေပဲဗျ။ တခြားဖုန်းတွေလို flat color တွေ မဟုတ်ပဲ နေရောင်ပေါ်လိုက်ပြီး အရောင်တွေပြေး ၊ အရောင်တွေပြောင်းနေမယ့် gangster color တွေကလည်း ခေတ်လူငယ်တွေ အတွက် ဆွဲဆောင်မှု အသစ် ဖြစ်လာမယ်လို့ ကျွန်တော်တော့ မြင်ယောင် မိသေးတယ်လေ …

Headphone ကတော့ USB TypeC နဲ့ ဖြစ်သွားတယ်ဗျ။ သို့ပေမယ့် ၊ ဗူးထဲမှာ ပါလာတဲ့ USonic headphone လေးက active noise cancelling လေးနဲ့ ဆိုတော့ ကြိုက်မယ် ဆိုရင် ကြိုက်ချင်စရာလေးရယ် ..

လောလောဆယ်တော့ စျေးမသိသေးဘူးဗျ။ ဖတ်မိသလောက်လေး မစားရ တူတူ အညှော်ခံဖို့ လက်တို့လိုက်တယ် ဆိုပါတော့ 😛 😀

Source: Independent, Wired, Forbes, Phone Arena, HTC

Leave a Reply

Your email address will not be published. Required fields are marked *