Note 7 ဒါကြောင့် မီးလောင်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Note 7 မီးလောင်တုန်းက မီးလောင်လို့ ၊ မီးလောင်လို့ နဲ့ မီးလောင်ရာ လေပင့် ပေးခဲ့လေတော့ ၊ အခု ဖြေဆေး တွေ့တော့လည်း ဖြေဆေး ပြန်ပြောပေးရမယ့် တာဝန် ရှိပြန်တာပေါ့လေ … ဟက်ဟက် …

ဒီလိုဗျ …

Samsung က Note 7 ဘာကြောင့် မီးလောင်သလဲ အဖြေကို အတိအကျ ထုတ်ပေးမယ်လို့ ကြေငြာထားခဲ့တဲ့ အတိုင်း ပြီးခဲ့တဲ့ ၁ ရက် ၊ ၂ ရက်မှာ ဘာကြောင့် ဆိုတာ ပြောလာတယ်ဗျ။

အများအထင်ကတော့ မီးလောင်ပြီး ပေါက်ပြဲနေတဲ့ ဘက်ထရီပုံတွေနဲ့ ရှင်းပြမယ် မှန်းထားပေမယ့် ၊ ဒီ တစ်ကွက်တော့ Sammy ရဲ့ ရွေ့က ပညာသားပါတယ် ၊ သူတို့ အနေနဲ့ ဘယ်လို စမ်းသပ်ထားတာပါဆိုပြီး ရုပ်ရှင်လိုလို ၊ promotion လိုလို နဲ့ ပြန်ပြီး ဖမ်းစား ထားလေရဲ့ …

ကဲ ၊ ဖမ်းစားထားတာတွေနောက်ထား … ဘာကြောင့် ဖြစ်လဲ ပြန်ပြောင်း ပြောပြရရင် ၊

ဖြစ်စဉ် ၁ … 😛 😀

Battery compartment က သေးလွန်းလို့ပါတဲ့။ ပုံထဲကအတိုင်း ဘက်ထရီ ရဲ့ negative electrode က ဘောင်နဲ့ တွန်းမိပြီး ဘေးကိုကပ် ၊ shock တွေဖြစ် ၊ မီးတွေလောင်ပေါ့ …

ဖြစ်စဉ် ၂ ….

ပုံထဲကအတိုင်း weld spot က မူမှန်မဖြစ်လို့ ပါ။ Weld spot က ဘုဖြစ်နေတော့ကား … အပေါ်ကို ဖော်ကထွက် အပေါ်က ဘာညာ နဲ့ ထိမိ ၊ မီးလောင်ပေါ့ …

ကျွန်တော်လည်း ထဲထဲဝင်ဝင် တက်ကနင်ရှင် မဟုတ်တာကြောင့် သဘောရှိလောက်ပဲ နားလည်လိုက်တယ်ဗျ။

Samsung ကတော့ အဖြေသိသွားပြီ ဆိုတော့ နောင်များမှာ battery ပြသနာ မဖြစ်ရအောင် 8 Point Battery Safety Check နဲ့ စစ်ဆေးသွားမယ် ၊ လက်ရှိမှာ Note 7 အလုံး 200,000 ၊ battery ပေါင်း 30,000 ကို engineer ပေါင်း 700 နဲ့ ဟောသလို စစ်ဆေး ထားတာပါ ဆိုပြီး အရှုံးထဲက အမြတ်နဲ့ ပြန် marketing ဆင်းလာ လေရဲ့

[youtube video_id=”6s4uqr1serU” width=”0″ height=”0″ ]

သူတို့လည်း သေချာလေး ရှာဖွေ အဖြေထုတ်ထားပြီးပြီမို့ ၊ Sammy ရဲ့ နောင်အသစ်လေးတွေကျ အခွင့်အရေး အရေးလေး ထပ်ပေးရအောင် ၊ ဖြေဆေးလေး ကျွေးပျစေ … 😛 😀

Source: Mashable, Samsung

Leave a Reply

Your email address will not be published. Required fields are marked *