Aluminium Pole Outdoor Tent – Naturehike

95,000 Ks115,000 Ks

Outdoor မှာ သုံးဖို့ လေဒဏ် ၊ မိုးဒဏ် ခံနိုင်ရည် ရှိသလို ၊ ခြင်နဲ့ ပိုးမွှားတွေ ရန်က ကာကွယ်ဖို့ insect prevention mesh နဲ့ အတူ လေဝင်လေထွက်ကောင်းစေဖို့ ventilation ပေါက်ပါ ထည့်သွင်းပေးထားတဲ့ Naturehike Outdoor Tent ပါ။

၁-၂ ယောက် အိပ် ၊ ၃-၄ ယောက် အိပ် ၂ မျိုးလုံးမှာ ရေစိုခံနိုင်နိုင်မှု 3,000mm ရှိတဲ့ 210T polyester ပိတ်သားကို သုံးပေးထားပါတယ်။ ရေစိုခံနိုင်မှု 3,000mm ဆိုတာကတော့ ပိတ်သားပေါ်ကို တစ်နေ့တာလုံးကျတဲ့ ရေဟာ 3,000mm မကျော်သေးသရွေ့ အထဲကို ရေစိမ့်ဝင်မှု မရှိတာကို ဆိုလိုပါတယ်။ ဒီတိုင်းထွာမှုကို Hydrostatic Head လို့ ခေါ်ပြီး ဒီ page ရဲ့ အောက်မှာ Mountain Warehouse webpage က ဖန်တီးထားတဲ့ video clip ကနေလည်း လေ့လာလို့ရပါတယ်။ သာမန်အားဖြင့် မိုးကာအကျီကောင်း တစ်ထည်ဟာ 1,500mm ရှိတာမို့ 3,000mm ရှိတဲ့ ဒီ tent ဟာ လေကြီး မိုးကြီး မဟုတ်ပဲ သာမန် မိုးရွာတာ ၊ နှင်းစိုတာကို ခံနိုင်ရည်ရှိပါတယ်။

တပ်ဆင်ရာမှာ လွယ်ကူမှု ရှိစေဖို့ နဲ့ ပေါ့ပါးမှု ရှိဖို့ အတွက် aluminum pole တွေကို သုံးထားပြီး ၊ ရေစိုခံ အမိုးအကာနဲ့ အတူ အောက်ခံ အခင်းကလည်း ရေစိုခံနိုင်မှု 3,000mm ရှိလို့ အပူအပင်မရှိ စိတ်ချလက်ချ သုံးလို့ရတဲ့ Naturehike အမှတ်တံဆိပ် Outdoor Tent ပါဗျာ။

Tent Fly Material : 210T polyester
Tent Bottom Material : 150D oxford cloth
Tent Pole Material : 7001 aluminium
Inner Material : 210T polyester fabric
Mesh Material : B3 breathable mesh
Tent Fly Waterproof Index : PU3,000mm
Tent Bottom Waterproof Index : PU3,000mm
Floor Length: 130 x 200cm (1-2 person), 210 x 210cm (3-4 person)
Weight : 1.8kg (1-2 person), 2.3kg (3-4 person)
PED + Wind Ropes : 200g
Mat Weight : 120g

SKU: OUT-NH-TENT Category: Tags: , ,