အနီရောင်နဲ့ hot ဖြစ်နေတဲ့ S8

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

အခုလက်ရှိမှာ hot ဖြစ်လွန်းလို့ ယပ်တောင်ခပ်ယူရတယ် ဆိုတဲ့ ဖုန်းက တော့ S8 ဖြစ်မယ်ဗျ။ သဘောရိုးနဲ့ ပြောတာပါ။ ဒီတစ်ခါတော့ မီးမလောင်တော့ဘူး ၊ တကယ်။ 😛 😀

မီးတော့ မလောင်ပေမယ့် ၊ သူလည်း သူ့နည်းသူဟန်နဲ့တော့ ဂြိုလ်မွှေပြီး ရောက်လာတယ်ဆိုရမှာပဲဗျ။ ကိုးရီးယား နိုင်ငံမှာ pre-order တွေပေးလိုက်တာ အလူးအလဲ ၊ ရပြီ ဆိုလို့ လက်ထဲ ရောက်လာတော့ တချို့ S8 တွေက နီနီရဲရဲ လေးတွေ ၊ ဘက်ထရီမဟုတ်ဘူး ၊ စိတ်မပူနဲ့လေ။ ဒီတစ်ခါတော့ screen ဗျ။

ပြီးခဲ့တဲ့ အပတ်တွေကတည်းက သတင်းက တိုးတိုးလေး ထွက်နှင့်နေပြီ။ အချို့သော S8 တွေရဲ့ screen မှာ အနီရောင် လွန်ကဲနေတဲ့ ပြဿနာ။ အဲ့ဒီတုန်းကတော့ Samsung က ဒီကိစ္စဟာ setting နဲ့ ဆိုင်ပါတယ်လို့ ပြောခဲ့သလိုပဲ ၊ ဒီတစ်ပတ် ထွက်လာတဲ့ သတင်းအရတော့ Samsung က ဒီပြဿနာကို ဖြေရှင်းဖို့ အတွက် software update ထုတ်ပေးမယ် ဆိုလာတာပါ။

“Because there are some complaints about the red-tinted screens, we decided to upgrade the software next week for all Galaxy S8 clients,” လို့ Korea Herald မှာ Samsung ရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုထားတာကို ပြန်ပြောင်း ကောက်နုတ်ပြတာပါဗျာ။ Samsung က ဒီ ပြဿနာကို Settings > Display > Screen Mode > Color Balance မှာ ပြန်ချိန်လည်း ရတယ်လို့လည်း ပြောထားပါသေးတယ်။

ဒီကိစ္စကို ကျွန်တော့်နည်းတူ ဘဝင် မကျမယ့် သူလည်း ခပ်များများ ရှိမယ်လို့ တွေးမိတယ်ဗျ။ ဘယ့်နယ် ၊ ရှယ် ဆိုမှ ရှယ် ဖုန်းက setting တစ်လုံး တစ်မျိုး နဲ့ ထွက်လာတာတော့ သိပ်မနိမ့်လှပေဘူးပဲ။ ပြီးတော့ ဒါ တကယ်ပဲ software fix နဲ့ ပြေလည်မယ့် ကိစ္စ ဖြစ်လာပါ့မလား။

ဒါကတော့ စောင့်ကြည့်ရမယ့် မေးခွန်းပါလေ။ သိပ်လည်း မရေးရဲဘူးဗျ။ တရားလာစွဲမှာ စိုးလို့ ၊ ကျွန်တော်တို့ အမိမြေမှတော့ အနီ မများတဲ့ အလုံးတွေ ရကြပါစေဗျာ ၊ နော် 🙂 😀

Leave a Reply

Your email address will not be published. Required fields are marked *