S8 က ဒီအရောင်တွေနဲ့ ဆို

~~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

S8 နဲ့ ပတ်သက်လို့ leak တာတွေ များလွန်းလို့ အားလုံးလည်း ဗူးပေါ်သလိုပေါ်နေရောပဲ။ ဒီ တစ်ပတ်မှာတော့ S8 က ဒီလို အရောင်တွေ ပါမယ် ဆိုပြီး ပုံ ထွက်လာလေရဲ့

ပုံကတော့ အမှန်ပဲ ဖြစ်မလား ၊ Tempered Glass လို ရှေ့မှာ ထပ်ကပ်ဖို့ တရုတ်ပြည်က ထုတ်ထားတာတွေလားတော့ မပြောတတ်ဘူးဗျ။ မှန်းဆော်သူတွေကတော့ ဒါ S8 က အရောင်အသစ် ၊ glossy black, white, blue, silver, gold နဲ့ regular black ထုတ်မှာ ဆိုပဲ။

မတ်လ ၂၉ ပွဲကျမှ အဲ့ပုံထဲကဟာတွေက မှန်ကပ် တွေ ဖြစ်နေရင်တော့ ကျွန်တော် မပါဘူးနော်။ ကျွန်တော်က တွေ့တဲ့ပုံလေး ပြန်ပြရင်း ၊ တွေ့တဲ့ သတင်းလေး ပြန်လှော်ပေးရုံ သက်သက် … ဟက်ဟက်… 😛 😀

ဒါနဲ့ S8 က iPhone လို pressure sensitive screen ပါမယ် ဆိုတဲ့ သတင်းလည်း ထွက်သေး ။ ပွဲလည်း နီးပြီ ဆိုတော့ မကြာခင်တော့ အတိအကျ သိရမပေ့ါလေ ၊ နော …. 🙂 😀

Source: TechDroider via Mashable

Leave a Reply

Your email address will not be published. Required fields are marked *