S8+ တဲ့

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Sammy ကတော့ အပြောခံရဖို့ အကွက်တွေ ဖြစ်လာ ဖြစ်ပြီပေါ့ …

အသစ်ထွက်မယ့် S8 က S8 နဲ့ S8+ ဆိုတော့ ၊ ပန်းသီးပရိသတ်က နာမည်ပါ လိုက်တုတယ် ပြောကြဦးမှာ မြင်ယောင်မိသေး ….

ဟ… သေချာပြီလား … ဆို … သေချာ သလောက်တော့ ရှိပြီဗျ။ ဟောဒီမှာ logo လေးတောင် leak ဖြစ်လာပြီလေ

Samsung က S7 တုန်းက S7 ရယ် ၊ S7 Edge ရယ် နာမည်ပေးခဲ့ပေမယ့် ၊ မှန်ခုံးလေးက လူတိုင်း စိတ်ဝင်စားကြလေတော့ ၊ အခုံးကို trademark အနေနဲ့ အမြဲ သုံးမယ် ဆိုတော့ကား S8 ရယ် S8 Edge ရယ် နာမည်ပေးလို့လည်း မဖြစ်ပြန် ၊ ဒါနဲ့ ပဲ S8+ ဖြစ်ရတယ်ထင်တာပဲလေ …

S8 နဲ့ S8+ နဲ့ပတ်သက်ရင်တော့ screen size က ၅.၈ လက်မ နဲ့ ၆.၂ လက်မ ဖြစ်မယ် ၊ home button လေးတောင် ဖျောက်ပြီး အနောက်ဖက် ပို့မယ် ၊ ဘေးဖက်ကို ဘောင်ပျောက် ဖြစ်ပြီး ၊ အထက်အောက်ဘောင် ပါးပါးလေးပဲ ရှိမယ် ၊ headphone jack ပါမယ် ၊ USB Type C ကို ပြောင်းမယ် ၊ ဘက်ထရီက 3,000 နဲ့ 3,500mah တွေ ဖြစ်မယ် ၊ Brixby လို့ နာမည်ထားမယ့် AI Assistant ပါမယ် စသဖြင့်တော့ သတင်းတွေ ထွက်ထားတယ်ဗျ။

အလုံး အထည်လိုက်ဆိုရင်တော့ … ဒီပုံလေး လောလောဆယ် leak ဖြစ်နေတယ်။

ဒီတစ်ခါတော့ မီး ထမလောင် အောင် ၊ ရှယ် စစ်ထားပြီးပြီ ဆိုတဲ့ report ကိုလည်း Sammy က ထုတ်ပေးထားပြီး ဖြစ်ကြောင်းပါဗျာ နော် …. 😛 😀

Source: @evleaks, Android Authority, The Wall Street Journal via ZDnet

Leave a Reply

Your email address will not be published. Required fields are marked *